Mandalay News

Mandalay News

သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် ပြည်သူ ၄ ဦးဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၃

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို စစ်ကောင်စီတပ် က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးအပါအဝင် ပြည် သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြား ရေးဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

 

ယမန်‌နေ့ ဇူလိုင်လ ၁၂ ရက် ည ၇ နာရီ ၁၈ မိနစ်က သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို အ ကြမ်း ဖက်စစ်ကောင်စီ၏ မိတ္ထီလာရှမ်းတဲလေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီး ၁ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ည ၇ နာရီ ၂၂ မိနစ်တွင် သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာကို အဆိုပါ အကြမ်းဖက် စစ်ကောင်စီ၏ ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး တစ်လုံး ထပ်မံ ကျဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

 

“နေအိမ်ပျက်စီးမှုက ဆိုးဆိုးရွားရွားပျက်စီးသွားတာပါ၊ ဒဏ်ရာရတဲ့သူတွေက အသက် ၁၆ နဲ့ ၁၈ နှစ် နှစ်အရွယ် အမျိုးသမီးနှစ်ဦးရယ်၊ ၄၆ နှစ်နဲ့ ၅၀ အရွယ် အမျိုးသား၊ အမျိုးသမီးတွေ ထိခိုက် ဒဏ်ရာရ တာ။ သူတို့ကိုတော့ ဆေးဝါးကုသမှုတွေလုပ်ပေးနေပါတယ်” ဟု ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ် ရေး အဖွဲ့ သတင်းနှင့်ပြန်ကြား ရေးဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကျဲ တိုက် ခိုက်နေသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့် ဝေးရာတွင် နေထိုင် ကြရန်နှင့် လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက် ပုန်းခိုကျင်းများ ခိုင်ခိုင်မာမာ တူးထား ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

မြင်းမူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့် စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၃   စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလက္ကပ္ပကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းနှင့် စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးပြီး...