Mandalay News

Mandalay News

ညောင်ဦးနှင့် တောင်သာမြို့နယ်တွင်စစ်တပ်စစ်ကြောင်းထိုးကို တိုက်ခိုက်မှု စစ်သား ၄၀ ဦး ထက်မနည်းသေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၂

 

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်နှင့် တောင်သာမြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ဦးထက်မနည်းသေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံးခဲ့ကြောင်း Popa Production & Guerilla Force – PPGF တပ်ဖွဲ့က ထုတ်ပြန်သည်။

 

ဇွန်လ ၂၆ ရက်နေ့က ညောင်ဦးမြို့နယ်နှင့် တောင်သာမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကြောင်း ထိုးနေသည့် စစ်ကောင်စီ တပ်သားများက ကင်းဇလုပ်ရွာကို မီးရှို့နေစဉ် Popa-PGF တပ်ဖွဲ့နှင့်အတူ မဟာမိတ်တပ်ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ MI-35 ရဟတ်ယာဉ်ဖြင့် ၃ ကြိမ် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၃၀ ဦးထက်မနည်း ထိခိုက်သေဆုံဂကာ ၎င်းတို့ ထံမှ ၆၀ မမ ဗုံးသီးများ၊ RPG ထိပ်ဖူးများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၁ ရက်နေ့တွင် မောင်းဂွတ်တောရွာကို မီးရှို့နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သား များကို Popa-PGF တပ်ဖွဲ့နှင့် မဟာမိတ် တပ်ပေါင်းစုများက ထပ်မံ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ် ကောင်စီ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ထို့နောက် ရွာ ပုလဲကျေးရွာကို မီးရှို့နေသည့် စစ်ကြောင်းနှင့် သွားရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၂ ရက်နေ့တွင် တောင်တောကျေးရွာကို မီးရှို့နေသည့် အကြမ်းဖက် စစ်တပ်ကို Popa-PGF အရံတပ်စိတ်မှ မဟာမိတ်အဖွဲ့များဖြင့် ပူးပေါင်းပြီး သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ် သား ၁၀ ဦးသေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့များဘက်မှလည်း ရဲ‌ဘော် ၁၁ ဦးကျဆုံးကာ ရဲဘော် ၅ ဦး ထိခိုက် ဒဏ်ရာရရှိကြောင်း MA-1 မောင်းပြန် ၂ လက်နှင့် ပြောင်းချော ၁ လက် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

“စခ အလောင်းတွေကို ကားတွေနဲ့ လာတိုက်သွားတာ ဒဏ်ရာရတာတွေကော အလောင်းတွေကော သယ်ထုတ်သွားပါတယ်။ ကျွန်တော်‌တို့တွေ အသက်ပေးကာကွယ်ပေးနေသလို ပြည်သူလူထုအနေနဲ့ လည်း သတင်းကစလို့ ခဲယမ်းလက်နက်များလည်း ပံ့ပိုးဖြည့်တင်းပေးကြဖို့ တိုက်တွန်းလိုပါတယ်” ဟု Popa Production & Guerilla Force – PPGF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ရွှေဘိုမြို့နယ်အတွင်းရှိ ဗျူဟာစခန်းကုန်း ၃ ခုနှင့် ပျူစခန်းတစ်ခုကို သိမ်းပိုက်မှု ဗိုလ်မှူးတစ်ဦး အရှင် ဖမ်းမိပြီး လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၁   စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဗျူဟာစခန်းကုန်း ၃ ခုနှင့် ပျူစခန်းတစ်ခုကို သိမ်းပိုက်မှု ဗိုလ် မှူး တစ်ဦး...