မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၂ ဦးသေဆုံးပြီး ပြည်သူ ၈ ဦး ဒဏ်ရာရ
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၁၀
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးသေဆုံးပြီး ပြည်သူ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဇူလိုင်လ ၉ ရက် ည ၈ နာရီ ၁၈ မိနစ်က မိုးကုတ်မြို့အရှ့ပိုင်း၊ တောင်ကချင်ရပ်ကွက်၊ ပန်း မထိပ်ဘက်ခြမ်းရှိ ကုလားခြံထဲသို့ အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံး ၁ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၂ နှစ်ဝန်းကျင်အရွယ် ကလေးငယ် ၂ ဦး ပွဲချင်းပြီး သေဆုံး ပြီး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၆ ဦး စုစုပေါင်းပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ ထိ ခိုက်ဒဏ်ရာရရှိသူများအနက် ၂ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် နေအိမ် အဆောက်အအုံ ၆ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သား ပြည်သူလူထုများနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊မြို့၊ ဆေးရုံ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ စစ်ဘေးရှောင်စခန်းများကို ဦး တည်၍ ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ကျူးလွန်နေသောကြောင့် မိဘ ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာတူးထားကြရန်နှင့်လေကြောင်းရန်ကာကွယ်ရေး ဆိုင်ရာ လမ်ညွှန်ချက်များကို လိုက်နာပေးကြပါရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်း ထားသည်။
Thanlwin Myanmar Media