Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်တွင် မိုင်းထောင်ထားသည့်နေရာအနီး ကင်းပုန်းဝပ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၉

 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် မိုင်းထောင်ထားသည့်နေရာအနီး ကင်းပုန်းဝပ်နေ သော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း နဂါးနီပြောက်ကျားတပ် ဖွဲ့ -မြင်းခြံထံမှ သိရသည်။

 

ဇွန်လ ၆ ရက်နံနက် ၆ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းနှင့် ဂွေးကုန်းရဲစခန်းမှ စစ်သားများ ပူးပေါင်း အင်အား ၂၀၀ ဖြင့် ထွက်လာပြီး မြို့သာ – ဂွေးကုန်းလမ်းပိုင်းပေါ်တွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ ထောင်ထားသော မိုင်းများကို ဖော်ယူရန်ခရီးသွားပြည်သူကားများကို တားဆီးကာ ပြည်သူများကို ဓားစာခံလုပ်ထားခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းများဖော်ယူမှုကြောင့် ပြည်သူများကို ထိခိုက်မည်စိုးရိမ်သဖြင့် မိုင်းဆွဲတိုက်ခိုက်ခြင်းမပြုပဲ နောက်ပေးလိုက်ရကာ မိုင်း ၁၀ လုံးခန့်ဖြုတ်ခံလိုက်ရကြောင်း သိရသည်။

 

ထို့အပြင် မိုင်းဖော်သည့် နေရာနှင့် အဝေးတစ်နေရာတွင် ထောင်ထားသော ပေပါမိုင်း ၂ လုံးအနီး မိုင်း ကွင်းထဲတွင် စစ်ကောင်စီတပ်သားအချို့က ကင်းပုန်းဝပ်နေခဲ့သောကြောင့် ပေပါမိုင်း ၂ လုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိကာ ဖောကားတစ်စီး ဖြင့် ငါန်းဇွန်မြို့ဘက်သို့ သယ်ဆောင်သွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံ တိုက်နယ် ၃ – နဂါးနီပြောက်ကျား ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့‌မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများအနီး သွားလာနေထိုင်ခြင်းမပြုကြပါရန် ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး၊ လက်နက် ၂ လက်သိမ်းဆည်းရရှိ

ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး၊ လက်နက် ၂ လက်သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဗမာ့တပ်တော် -Burma Army က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၆ ရက်နေ့က...