Mandalay News

Mandalay News

ငါ့သရောက်မြို့နယ်၊ ဆင်သားမွေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အမျိုးသားတစ်ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်ကာ နေအိမ် ၂၅ လုံးကို မီးရှို့ဖျက်ဆီး

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁

 

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်၊ ဆင်သားမွေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင် ရောက်ပြီး အမျိုးသားတစ်ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ကာ နေအိမ် ၂၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ဒေသနေပြည်သူများထံက သိရသည်.

 

ဇွန်လ ၂၂ ရက်နေ့ကက ငါ့သရောက်မြို့နယ်၊ ငါ့သရောက်ရဲစခန်းမှ ထွက်လာသော စစ်တပ် စစ် ကြောင်းသည် တမခါးရွာ ၊ ကုလားတဲရွာ၊ ပြာပုံရွာတို့မှ တဆင့် ဆင်သားမွေးကျေးရွာကို ဝင်ရောက် ခဲ့ ကြောင်း၊ ထိုသို့ဝင်ရောက်ခဲ့ပြီးနောက် ဆင်သားမွေးကျေးရွာနေ မောင်သက်ဆိုသည့် အမျိုးသား ၁ ဦး ကို ရက်ရက်စက်စက် သတ်ဖြတ်ကာ ကျေးရွာထိပ်တွင် မြေမြှုပ်ပစ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဆင်းသားမွေးကျေးရွာမှ ပြည်သူ ၅ ဦးကိုလည်း ဓားစာခံဖမ်းဆီးသွားပြီး ပြည်သူ့နေအိမ် များကို ဖောက်ထွင်းကာ ဆန်၊ ဆီ၊ မုန့်၊ အအေး၊ ဘီယာ၊ အဝတ်အစားတို့ကစ ခိုးယူပြီး ကားဖြင့် တိုက်ယူသွားကြောင်း၊ ကြက်များကို သတ်ဖြတ်သောက်ပြီးနောက် နေအိမ် ၂၅ လုံးကို မီးရှို့ဖျက်ဆီး ကာ သနပ္ပင်ရွာ၊ ကမ္မရွာတို့ဘက်သို့ ဆက်လက် စစ်ကြောင်းထိုးသွားကြောင်း သိရသည်။

 

“ဆင်သားမွေး ရွာက နေအိမ် ၂၅ လုံးကို မီးရှို့သွားတယ်၊ အမူးသမား မောင်သက်ဆိုတဲ့ ပြည်သူ တဦး ကို ရက်ရက်စက်စက် သတ်ပြီး ရွာထိပ်မှာ မြေမြှပ်ခဲ့တာပါ။ ရွာထဲက အိမ်တိုင်းနီးပါးကို ဝင်ရောက် ရှာဖွေပြီး လိုချင်တဲ့ ပစ္စည်းတွေ ရှိရင် ယူသွားပါတယ်။ ဈေးသယ်အိမ်က မုန့်၊ အအေး၊ ကြက်ဥ ၊ ဘီ ယာ စသဖြင့် ရောင်းကုန်အားလုံးနီးပါး ကားနဲ့ တိုက်သယ်တဲ့ အပြင် ကြက်တွေကိုပါ ပစ်သတ်ပြီး စိတ်ကြိုက် ချက်ပြုတ်စားပါတယ်။ တချို့ အိမ်တွေဆို ဆီပုံးတွေကို လှဲခဲ့ပြီး သွန်ပစ်ခဲ့ပါတယ်။ ဆန် အိတ်ထဲကို ဆီတွေ လောင်းချခဲ့တာလည်း ရှိသလို အမျိုးသမီးဝတ် ကချင် လုံချဉ်တွေပါ ယူသွား ပါတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး၊ လက်နက် ၂ လက်သိမ်းဆည်းရရှိ

ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး၊ လက်နက် ၂ လက်သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဗမာ့တပ်တော် -Burma Army က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၆ ရက်နေ့က...