Mandalay News

Mandalay News

တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၃၀

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သားများ ထိခိုက် သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းထံမှ သိရသည်။

 

ဇွန်လ ၂၅ ရက် နံနက် ၁၁ နာရီခန့်က တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီးသို့ ဝင်ရောက်လာ သော စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားအများအပြား ထိခိုက်သေဆုံးမှုရှိပြီး ၆၀ မမ ဗုံးသီး၁၂ လုံး နှင့် RPG ထိပ်ဖူး ၁ ဖူး တို့ သိမ်း ဆည်း ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းနှင့် ညောင်ဦးခရိုင်အမှတ် ၅ တပ်ရင်းတို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ အထိနာသောကြောင့် စစ်ကောင်စီတပ်က ဇွန်လ ၂၆ ရက် မွန်းလွဲ ၁ နာရီနှင့် ညနေ ၅ နာရီတို့ တွင် Mi 35 ရဟတ်ယာဉ် ၃ စီးဖြင့် ကင်းဇလုပ်ကျေးရွာ ပတ်ဝန်းကျင်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ ၂၇ ရက် နံနက် ၃ နာရီတွင် ကင်းဇလုပ်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသော စစ်ကြောင်းမှာ ငါ့သရောက် နယ်မြေရဲစခန်းသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နွားထိုးကြီးမြို့နယ်တွင် မလှိုင်မြို့နယ်အတွင်းရှိ မိန်းကလေး ၂၀ ဦးကျော်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ သည့် စစ်ကြောင်းအား တိုက်ခိုက်ချေမှုန်းမှု ဗိုလ်မှူး ကျော်မင်းအပါအဝင် စစ်သား ၃၇ ဦး သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

နွားထိုးကြီးမြို့နယ်တွင် မလှိုင်မြို့နယ်အတွင်းရှိ မိန်းကလေး ၂၀ ဦးကျော်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ သည့် စစ်ကြောင်းအား တိုက်ခိုက်ချေမှုန်းမှု ဗိုလ်မှူး ကျော်မင်းအပါအဝင် စစ်သား ၃၇ ဦး သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၃ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် မလှိုင်မြို့နယ်တို့တွင် မိန်းကလေး ၂၀ ဦးကျော်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် စစ်တပ်စစ်ကြောင်းအား တိုက်ခိုက်ချေမှုန်းခဲ့ရာ ဗိုလ်မှူးကျော်မင်းအပါအဝင် စစ်သား ၃၇ ဦးသေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်း ရရှိ ခဲ့ကြောင်း နွားထိုးကြီး PDF...