Mandalay News

Mandalay News

PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန်ဝင်ရောက်လာသည့် အသက်မပြည့်သူ ကလေး ၄ ဦးကို မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၈

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင် အဖြစ်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သူ ကလေးသူငယ် ၄ ဦးကို မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးလိုက်ကြောင်း မြင်းခြံခရိုင် ပကဖထံမှ သိရသည်။

 

ဇွန်လ ၂၀ ရက်နေ့က နွားထိုးကြီးမြို့နယ်အတွင်းနေ အသက် ၁၅ နှစ်အရွယ်နှင့် ၁၇ နှစ်အရွယ် လူ ငယ် ၄ ဦးသည် PDF တပ်ဖွဲ့ဝင်အဖြစ် ထမ်းဆောင်ရန် အွန်းလိုင်းမှတဆင့် ဆက်သွယ်၍ တော်လှန် ရေး အဖွဲ့အစည်းတစ်ခုထံ ဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်လာခဲ့ပြီးနောက် အသက် မပြည့် သေးသည့် ကလေးသူငယ်ဖြစ်နေသည်ကို သိရှိရသဖြင့် မြင်းခြံခရိုင်ပကဖထံဆက်သွယ်ကာ မိဘအုပ် ထိန်းသူထံ ပြန်လည်အပ်နှံပေးရန်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် မြင်းခြံခရိုင်ပကဖမှ ဇွန်လ ၂၆ ရက်နေ့တွင် လက်ခံကာ ဇွန်လ ၂၇ ရက်နေ့တွင် ကလေး သူငယ်များ၏ မိဘအုပ်ထိန်းသူများကို ခေါ်ယူ၍ အပ်နှံပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ယောက်ျားလေး ၄ ယောက်ပါ၊ အသက် ၁၅ နှစ် နှစ်ယောက်ပါတယ်၊ ၁၇ နှစ်ထဲမှာ နှစ်ယောက်ပါ တယ်။ တော်လှန်ရေးအင်အားစုထဲမှာ ရှိတဲ့အဖွဲ့တစ်ခုနဲ့ ဆိုရှယ်ကနေချိတ်ဆက်ပြီးတော့ ဝင်ရောက် သွားတာ၊ သူတို့ဆီရောက်သွားမှာပဲ ဒီအဖွဲ့အစည်းကလည်း အသက်မပြည့်ဘူးဆိုတာ သိရတာ၊ သိတဲ့ အတွက်ကြောင့် ဒီကလေးတွေက ကျနော်တို့ မြင်းခြံခရိုင်နယ်မြေထဲကဖြစ်တဲ့အတွက်ကြောင့် ကျ နော်တို့ ခရိုင်ပကဖကို ဆက်သွယ်လာတာ၊ အဲဒါကြောင့် ကျနော်တို့ အခုလိုစီစဉ်ဆောင်ရွက်ခဲ့ လိုက် တာပါ၊” ဟု မြင်းခြံခရိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

မြင်းခြံခရိုင်ပကဖအနေဖြင့် ပြည်သူများနှင့်အတူ တစ်သားတည်းရှိနေပြီး ကလေးငယ်များ၏ လုံခြုံ ရေး၊ မိဘများ၏ လုံခြုံရေး အခြေအနေကို တွက်ချက်ကာ ပြန်ပို့၍ ရသည့်အနေထားဖြစ်သောကြောင့် ပြန်လည်အပ်နှံပေးလိုက်ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဂျနီဗာကွန်ဗန်းရှင်းနှင့်အညီလိုက်ပါ လုပ်ဆောင် နေကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာမြို့နယ်တွင် တပ်ကြပ်အဆင့်ဖြင့် ထောင်ကျခံပြီးနှုတ်ထွက်ထားသူ စစ်မှုထမ်းတပ်သား အပါအ ဝင် ၂ ဦး အလင်းဝင်

မုံရွာမြို့နယ်တွင် တပ်ကြပ်အဆင့်ဖြင့် ထောင်ကျခံပြီးနှုတ်ထွက်ထားသူ စစ်မှုထမ်းတပ်သား အပါအ ဝင် ၂ ဦး အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် တပ်ကြပ်အဆင့်ဖြင့် ထောင်ကျခံပြီး နှုတ်ထွက်ထားသူ စစ်မှုထမ်း တပ်သား အပါအဝင် ၂ ဦးအလင်းဝင်ခဲ့ကြောင်း Northwest Plains Revolutionary Forces – NPRF ထံမှ သိရသည်။ ဩဂုတ်လ လဆန်းပိုင်းမှ စ၍ မုံရွာမြို့နယ်...