Mandalay News

Mandalay News

ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းရဲစခန်းအနီး ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက် မှု အရာခံဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၈

 

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းရဲစခန်းအနီး ဆက်ကြေးကောက်နေသော စစ်သားများ ကိုတိုက်ခိုက်ခဲ့ရာ အရာခံဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်းAung San’s Land Natmauk – အောင်ဆန်းမြေအဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၂၆ ရက်နံနက် ၈ နာရီခန့်က ပျော်ဘွယ်မြို့နယ် ၊ ညောင်ကုန်းရဲစခန်းအနီးတွင် ဆက်ကြေး ကောက်ခံနေသော စစ်ကောင်စီဂိတ်ရှိ စစ်သား၊ ရဲ၊ ပျူစောထီး ၆ ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရာခံ ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး ကျန် ရဲတစ် ဦး၊ ပျူစောထီး ၁ ဦး တို့ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း MA1 အမျိုးအစား သေနတ် ၃ လက် (၁ လက်ပျက်စီး)၊ ၅ ဒသမ ၅၆ ကျည် ၆၄ တောင့်၊ ခရီးသွားပြည်သူများထံမှ အတင်းဓမ္မဆက်ကြေးကောက်ခံငွေ ၁၈၀၅၀၀ ကျပ် နှင့် ဖုန်း ၂ တို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

 

“မနက် ၈ နာရီလောက်ဝင်တိုက်တာ၊ ရဲစခန်းနဲ့ နီးကပ်နေတာမို့ ၅ မိနစ် အတွင်း ၃ မိနစ်နဲ့ ပွဲ အပြီး အောင်မြင်အောင် ကနိုင်ခဲ့တာပါ။ စစ်ကူက ဘေး ၂ ဖက်က ရဲတွေရှိတယ်၊ ၅ မိနစ်လောက်ခရီးကို ၁ နာရီလောက်ကြာမှ ရောက်လာတာ၊ ကျနော်တို့က Local PDF ဖြစ်နေလို့ ပြည်သူတွေရဲ့ ထောက်ပံ့ မှုနဲ့ မစ်ရှင်ဖော်ဆောင်နေတာဖြစ်ပါတယ်။ ပြည်သူတွေ ဒီထက်ပိုမိုဖြည့်ပေးနိုင်မယ်ဆိုရင် ဒီထက်ပို လှတဲ့ ပွဲတွေ ကပေးနိုင်ပါတယ်။” ဟု Aung San’s Land Natmauk – အောင်ဆန်းမြေအဖွဲ့မှ တာဝန် ရှိ သူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Aung San’s Land Natmauk အောင်ဆန်းမြေအဖွဲ့မှ ခြေလျင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း ၊ နတ်မောက်မြို့နယ်အတွင်းရှိ စစ်သား၊ ရဲ၊ ပျူစောထီးများအနေဖြင့် အလင်းဝင် ရောက်ကြ ရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နွားထိုးကြီးမြို့နယ်တွင် မလှိုင်မြို့နယ်အတွင်းရှိ မိန်းကလေး ၂၀ ဦးကျော်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ သည့် စစ်ကြောင်းအား တိုက်ခိုက်ချေမှုန်းမှု ဗိုလ်မှူး ကျော်မင်းအပါအဝင် စစ်သား ၃၇ ဦး သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

နွားထိုးကြီးမြို့နယ်တွင် မလှိုင်မြို့နယ်အတွင်းရှိ မိန်းကလေး ၂၀ ဦးကျော်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ သည့် စစ်ကြောင်းအား တိုက်ခိုက်ချေမှုန်းမှု ဗိုလ်မှူး ကျော်မင်းအပါအဝင် စစ်သား ၃၇ ဦး သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၃ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် မလှိုင်မြို့နယ်တို့တွင် မိန်းကလေး ၂၀ ဦးကျော်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် စစ်တပ်စစ်ကြောင်းအား တိုက်ခိုက်ချေမှုန်းခဲ့ရာ ဗိုလ်မှူးကျော်မင်းအပါအဝင် စစ်သား ၃၇ ဦးသေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်း ရရှိ ခဲ့ကြောင်း နွားထိုးကြီး PDF...