Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်တွင် စစ်သားများ စီးနင်းလိုက်ပါလာသည့် ကားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၉ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၆

 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုံမှ အရပ်ကားဖြင့် ထွက်လာသည့် စစ်သား များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံထံမှ သိရသည်။

 

ဇွန်လ ၂၄ ရက် ညနေ ၆ နာရီ ၁၅ မိနစ်က ငါန်းဇွန်မြို့နယ် မြို့သာ စက်မှုဇုန်အတွင်းမှ စစ် သား အင် အား ၅၀ စီးနင်းလိုက်ပါလာပြီး  ဂွေးကုန်းကျေးရွာ စစ်တပ်အထိုင်စခန်းဘက်သို့ ထွက် လာသော Light Truck ကား ၂ စီးကို မြို့သာမြို့ နှင့် ဂွေးကုန်းကျေးရွာကြား၌ ပေပါမိုင်း ၂ လုံးဖြင့် မိုင်းဆွဲ တိုက် ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပထမ ကားက ပြည်သူတွေကားနဲ့ ကပ်ပါလာလို့ မဆွဲလိုက်ရဘူး။ ဒုတိယကားကျမှ ထိထိမိမိဆွဲမိခဲ့ တာ၊ အဲဒီမိုင်းဆွဲတဲ့ကားပေါ်မှာက လက်နက်တွေကိုင်ပြီး မတ်တပ်ရပ်လိုက်လာကြတာ၊ ကားပေါ်မှာ ၂၀ လောက်တော့ပါမယ်။ မိုင်းဆွဲပြီးတော့ ရှေ့ဆက်မသွားတော့ပဲ မြို့သာဆေးရုံထဲကို အလောင်း တွေရော၊ ဒဏ်ရာရတဲ့သူတွေရော သယ်သွားတာ။ စုစုပေါင်း ၅ ဦးသေပြီး ဒဏ်ရာရတဲ့သူတွေလည်း များတယ်လို့ သိရတယ်” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို  နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ တပ်ဖွဲ့ဝင် ရဲဘော်များက လုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများ စီးနင်းလိုက်ပါလာသော ကားအနီး ကပ်လိုက် ခြင်း မပြုလုပ်ကြပါရန် မေတ္တာရပ်ခံထားသည်။

 

အလားတူ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ဂွေးကုန်းဂိတ်မှ ငါန်းဇွန်မြို့နယ် ၊ မြို့သာစက်မှုဇုန်ဘက်သို့ ထွက်လာသော ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံး ခဲ့ကြောင်း TGYR -Ngazun တပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၂၃ ရက် မွန်းလွဲ ၁ နာရီ ၄၆ မိနစ်က တံတားဦးမြို့နယ်၊ ဂွေးကုန်းဂိတ်မှ ငါန်းဇွန်မြို့နယ် မြို့ သာ စက်မှုဇုံသို့ ထွက်ခွာလာသော အင်အား ၄၀ ခန့်ပါ ဖောကားအဖြူရောင်ကားကို တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၆ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးနေရာမှာပင်ပွဲချင်းပြီး သေဆုံးပြီး ၁၉ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသွားသူများကို မြို့သာတိုက်နယ်ဆေးရုံသို့ သယ် ဆောင်သွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်း ၊ တပ်ခွဲ ၃ မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်း ၊ တပ်ခွဲ ၂ TGYR.YouthGuerrillaCounterRevolution_Ngazun အဖွဲ့တို့ ပူးပေါင်းကာလုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၇ ဦးထက် မနည်းသေ ဆုံးပြီး ၂၂ ဦးကို လက်နက် ၂၈ လက်နှင့်အတူ ဖမ်းမိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၇...