Mandalay News

Mandalay News

စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၅

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နှင့်မတ္တရာမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင် ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၂၃ ရက် ညနေ ၄ နာရီ ၂၀ မိနစ်က စဉ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာမြောက်ဘက် လယ်ကွင်း အနီးကို အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ ဇွန်လ ၂၃ ရက် ည ၉ နာရီ ၁၀ မိနစ်တွင် မတ္တရာမြို့နယ်၊ ဥက္ကံကျေးရွာသို့ အကြမ်းဖက် စစ်ကောင်စီ၏ မိတ္ထီလာ ရှမ်းတဲလေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကျဲ တိုက်ခိုက် ခဲ့ရာ အမျိုးသမီး ၁ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

“ဒီအတိုင်းပဲ သွားလာရင်း ထိတာပါ၊ ဒဏ်ရာရတဲ့အမျိုးသမီးကတော့ အသက်အရွယ် မသိရဘူး။ သေဆုံးအမျိုးသမီးကတော့ ၅၄ နှစ်အရွယ် အမျိုးသမီး၊ ဥက္ကံကျေးရွာသူမဟုတ်ဘူး။ မြွေကတိုးဆိပ် ကျေးရွာကပါ၊ စစ်ရှောင်ရင်းနဲ့ ဗုံးစထိမှန်သေဆုံးရတာ၊ ဒီနေ့သင်္ဂြိုလ်မယ်လို့ သိရတယ်။စကစ ကတော့ ပြည်သူတွေကို ကာကွယ်နေတယ်လို့ နိုင်ငံတကာကို လျှောက်ဖြန့်နေတာပေါ့၊ တကယ် တမ်းကျတော့ မတ္တရာမှာဆိုရင် ဆေးရုံတွေ၊ စစ်ရှောင်စခန်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင် ကျောင်းတွေ၊ မကြဲသင့်တဲ့နေရာတွေကျဲတယ်။ စကစရဲ့ ယုတ်မာမှုတွေကို ပြည်သူတွေအနေနဲ့ လည်း သိလောက်ပြီလို့ ထင်ပါတယ်။ အဲဒီကြောင့် စကစရဲ့ ဝင်ငွေလမ်းကြောင်းဖြစ်တဲ့ စကစ ထုတ် ပစ္စည်းတွေမသုံးဖို့ရယ်။ ဗုံးခိုကျင်းတွေတူးကြဖို့နဲ့ စကစနဲ့ ဝေးနဲ့နေရာမှာ နေထိုင်ကြဖို့ တိုက်တွန်း ချင်ပါတယ်” ဟု ပြင်ဦးလွင် ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပြည်သူလူထုနေထိုင်ရာကျေးရွာများ၊ ဘုန်း ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ စစ်ဘေးရှောင်စခန်းများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေသော မိဘပြည်သူများအနေဖြင့် လေကြောင်းရန် သတိပေးချက် များလိုက်နာပေးကြပါရန်၊ ဗုံးခိုကျင်းများ တူးထားကြရန်နှင့် စစ်ကောင်စီတပ်နအနီး သွားလာနေထိုင် ခြင်းမပြုကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံး ကို မီးရှို့ဖျက်ဆီး

ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံး ကို မီးရှို့ဖျက်ဆီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဂန့်ဂေါမြို့၊ ခလရ ၅၀...