Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်တွင် စစ်ဗိုလ်ပါကားတစ်စီးနှင့် ရေခပ်ဆင်းလာသော စစ်သားများကို တိုက်ခိုက်မှု စစ်ဗိုလ်အပါအဝင် ၈ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၄

 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် စစ်ဗိုလ်ပါကားတစ်စီးနှင့်ရေခပ်ဆင်းလာသော စစ် သားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အပါအဝင် ၈ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များထံ က သိရသည်။

 

ယနေ့ ဇွန်လ ၂၄ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က ငါန်းဇွန်မြို့နယ် မြိုသာ အထိုင်ရဲစခန်းမှ ဂွေးကုန်း ကျေးရွာ စစ်တပ် အထိုင်စခန်းဘက်သို့ စစ်ဗိုလ်၁ ဦးအပါအဝင် ၅ ဦး လိုက်ပါလာသော Honda Fit ကားတစ်စီးကို မြို့သာ – ဂွေးကုန်းလမ်းမပေါ်တနေရာ၌ နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ ရဲဘော် များက ပေပါမိုင်း ၂ လုံးဖြင့် ၂ ကြိမ်တိတိ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အပါအဝင် ၂ ဦး သေဆုံး ခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်သည့်နေရာ မှန်ကွဲစ များနှင့် ကား၏ အပိုင်းအစများ ပြုတ်ကျ ကျန်ခဲ့ ကြောင်း သိရသည်။

“ငါန်းဇွန်နဲ့ ဂွေးကုန်းကြားမှာပဲ၊ ပေပါမိုင်း ၂ လုံးနဲ့ ၂ ကြိမ်ဆွဲခဲ့တာ၊ ကားကိုတော်တော်ထိတယ်။ အရာရှိပါလို့ထင်တယ်၊ အပေါ်ရနေ ရဟတ်နဲ့ပတ်ဝဲပြီး ကင်းထောက်ပေးခဲ့သေးတယ်။ မိုင်းထိပြီး တော့ ကားက ဂွေးစခန်းထဲကို ဝင်သွားပါတယ်” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

 

ခရီးသွားမိဘပြည်သူကားများ အနေဖြင့် ည ၉ နာရီမှ မနက် ၄ နာရီ အချိန် အတွင်း လုံးဝ မောင်းနှင် ခြင်း မပြုလုပ်ရန်နှင့် ကားမှန်ချပြီး မောင်းနှင်ပေးကြပါရန် နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက တိုက်တွန်းထားသည်။

 

အလားတူ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုံမှ ရေခပ်ရန်ထွက်လာသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက် စစ်သား ၆ ဦးသေဆုံးပြီး လက်နက် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Ngazun People Defence Force တပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၂၃ ရက် နံနက် ၇ နာရီကျော်က ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်မှ စစ်သားများ ရေခပ်ဆင်း လာစဉ် မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး G3 အမျိုးအစားသေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းစံပြကျေးရွာတွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပြီး အရာရှိတစ်ဦးအပါ အ ဝင် စစ်သား ၄ ဦး သေဆုံး

ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းစံပြကျေးရွာတွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပြီး အရာရှိတစ်ဦးအပါ အ ဝင် စစ်သား ၄ ဦး သေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၇ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းစံပြကျေးရွာတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး အရာရှိ တစ် ဦး အပါအဝင် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း Fire Dragon စစ်ကြောင်းက ထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ်လ ၁၆ ရက်...