Mandalay News

Mandalay News

နွားထိုးကြီးမြို့ပေါ်ရှိ သမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်မှု ဘုရားစေတီ ပျက်စီး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၄

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားတစ်ဆူဖြစ်သည့် ရှင်ပင်သာဒွန်းဦး ဘုရားကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုရားစေတီ နှင့် အ ဆောက်အအုံများပျက်စီးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

ယနေ့ ဇွန်လ ၂၃ ရက် သန်းခေါင်ယံအချိန် ၁၂ နာရီ ၁၈ က နွားနွားထိုးကြီးမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို အကြမ်းဖက် ဖက်စစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးသီး ၂ ကျဲချတိုက်ခိုက်ခဲ့ရာ ဘုရားတံတိုင်းနှင့် အဆောက်ဦးများပြိုကျ ပျက်စီး ခဲ့ကြောင်း သိရ သည်။

“နွားထိုးကြီးမြို့နယ်မှာ စည်းကားသိုက်မြိုက်စွာနဲ့ ကျင်းပလေ့ရှိတဲ့ဘုရားတစ်ဆူပါ၊ ကိုဗစ်ကာလ မတိုင်ခင်ကဆိုရင် နာမည်ကြီး၊ မင်းသမီးမင်းသားတွေပါငှားပြီး ဘုရားပွဲကျင်းပခဲ့တဲ့ ဘုရားပဲ၊ ဒီလိုနာ မည်ကြီးဘုရားကို ပစ်မှတ်ထားဗုံးကျဲချတာက ဘာသာ၊ သာသနာကို စော်ကားလိုက်တာပါပဲ၊အမျိုး ဘာသာ၊ သသနာကို စောင့်ရှောက်ပါတယ်လို့ ကြွေးကြော်နေတဲ့ စစ်တပ်ကရဲ့ လုပ်ရပ်တွေကို မဘသ တွေ သိသင့်ပြီလို့ ပြောချင်ပါတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

စစ်တပ်ကလေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ရှင်ပင်သာဒွန်းဦးဘုရားသည် နွားထိုးကြီးမြို့နယ် တွင် ထင်ရှားကျော်ကြားသော စေတီတစ်ဆူဖြစ်ပြီး ဘုရားစေတီသမိုင်းနှင့်ပတ်သက်၍ ဆေးပန်ချီ များဖြင့်ချယ်သထားသည်မှာ ဘုရားဖူးလာပြည်သူများအတွက် အသိပညာတိုးပွားစေသည့် စေတီတစ် ဆူဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းတပ်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု မသန်စွမ်း အမျိုးသမီး ၁ ဦးနှင့် ကျောင်းသား ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ

မင်းတပ်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု မသန်စွမ်း အမျိုးသမီး ၁ ဦးနှင့် ကျောင်းသား ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၉ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မသန်းစွမ်းအမျိုးသမီး ၁ ဦးနှင့်ကျောင်းသား ၃ ဦး စုစုပေါင်း ၄ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း CDF -Mindat...