Mandalay News

Mandalay News

ညောင်ဦးမြို့မှ တင့်ကား ၃ စီးပါ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ၊  စစ် ကြောင်းထိုးလှုပ်ရှားနေမှုကြောင့် ကျေးရွာ ၁၀ ရွာမှ ပြည်သူသောင်းချီ စစ်ဘေးရှောင်နေရ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၄

 

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦးမြို့မှ တင့်ကား ၃ စီးပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ကျေးရွာ ၁၀ ရွာမှ ပြည်သူသောင်းချီ၍ စစ်ဘေးရှောင်နေရ ကြောင်း People Democratic Army – PDA တပ်ဖွဲ့က ထုတ်ပြန်သည်။

 

ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့တွင် ညောင်ဦးမှထွက်လာသော တင့်ကား ၃ စီးပါ စစ်တပ် စစ်ကြောင်း တစ် ကြောင်း၊ တောင်ဇင်းရဲစခန်းမှ ထွက်လာ​သော အင်အား ၈၀ ခန့်ပါ စစ်ကြောင်း စစ်ကြောင်း တို့ကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း၊ ညောင် ဦးမြို့မှ ထွက်လာသော တင့်ကားပါ စစ်ကြောင်းကိုလည်း တိုက်မိုင်းဆင်၍ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် – PDA တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ် တပ်ဘက်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဦးခေါင်းကို လက်နက်ကြီးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ ပြည်သူများ စစ်​ဘေးရှောင်နေကြရကြောင်း၊ ထို့ကြောင့် အရေးပေါ် စားနပ်ရိက္ခာ၊ ဆေးဝါးများလိုအပ်လျက်ရှိ ကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ်အတွင်း၌ စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးလှုပ်ရှားလျက်ရှိပြီး မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုသိရှိရန် စုံစမ်းနေဆဲ ဖြစ် ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သံဖြူဇရပ် -ရေး အမြန်လမ်းမပေါ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းတက်ရန် သွား ရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်းသိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသား စု ထံပြန်လည်အပ်နှံ

သံဖြူဇရပ် -ရေး အမြန်လမ်းမပေါ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းတက်ရန် သွား ရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်းသိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသား စု ထံပြန်လည်အပ်နှံ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၅ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝဲခမီကျေးရွာအနီး သံဖြူဇရပ် -ရေးလမ်းမပေါ်တွင် စစ်ကောင်စီ၏ ရွေး‌ ကောက်ပွဲအတွက် သင်တန်းတက်ရန် သွားရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်း သိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသားစုထံ ပြန်လည်အပ်နှံခဲ့ကြောင်း မွန်ပြည်တော်လှန်ရေး တပ်...