Mandalay News

Mandalay News

မလှိုင်မြို့ပေါ် စားသောက်ဆိုင်တစ်ဆိုင်၌ အရက်သောက်နေသော တပ်ကြပ်ကြီးကို PDF ရဲမေများက ဖမ်းဆီး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၃

 

မန္တလေးတိုင်း၊ မလှိုင်မြို့ပေါ် စားသောက်ဆိုင် တစ်ဆိုင်၌ အရက်သောက်နေသော တပ်ကြပ်ကြီး ၁ ဦး ကို PDF ရဲမေများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၂၂ ရက် နံနက် ၉ နာရီခန့်က မလှိုင်မြို့ပေါ်ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ လက်နက်နှင့်အတူ အင်္ကျီအရပ်ဝတ်၊ အောက်ခံယူနီဖောင်းဝတ်ဖြင့် စစ်ကောင်စီတပ်သားတစ်ဦး မူးယစ်သောက်စားနေ ကြောင်း သတင်းရရှိသဖြင့် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲမေများ ဦးဆောင် အဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရာ ပြောက်ကျားစနစ်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အရက်သေစာသောက်စား ကာ ကွမ်းယာဝယ်ရန် ထွက်လာစဉ် အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဖမ်းဆီးရရှိသူမှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မိတ္ထိလာအမှတ် ၁ တပ်မတော် အကြီးစား စက်ရုံမှ တပ်ကြပ်ကြီး အောင်ဝင်းကို ဖြစ်ပြီး  ၄င်းနှင့်အတူ MA1 အမျိုးအစား လက်နက် ၁ လက် ၊ ၅.၅၆ ကျည် ၂၅၀ တောင့်တို့နှင်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ သံလွင်မြန်မာဆီဆိုင်၌ ကင်းယူနေသော စစ်သားများ ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ သံလွင်မြန်မာဆီဆိုင်၌ ကင်းယူနေသော စစ်သားများ ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၀ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ သံလွင်မြန်မာဆီဆိုင်၌ ကင်းယူနေ သော စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF ထံမှသ...