စဉ့်ကူးမြို့နယ်နှင့်မတ္တရာမြို့နယ်အစပ်ရှိ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးတည်ထောင်ထားသော မေတ္တာနန္ဒဆေးရုံကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးမွေးဖွားရန်ရောက်ရှိနေ သူ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရ၊ ဆေးရုံ၊ သားဖွားမီးယပ် ဆောာင်အပါအဝင် ၃ လုံး ပျက်စီး
သံလွင်မြန်မာသတင်း
ဇွန်လ ၂၃
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်အစပ်ရှိ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက် တာ နန္ဒမာလာဘိဝံသ တည် ထောင်ထားသော မေတ္တာနန္ဒဆေးရုံကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးမွေးဖွားရန်ရောက်ရှိနေသူ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိ ကာ ဆေးရုံ၊ သားဖွားမီးယပ် ဆောာင်အပါအဝင် ၃ လုံးပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၂၂ ရက် ည ၁ နာရီ ၅ မိနစ်က တစ်ကြိမ်၊ ည ၁၁ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ် စဉ့် ကူး မြို့နယ်နှင့် မတ္တရာမြို့နယ် အစပ်တွင်ရှိသော ပါမောက္ခချုပ် ဆရာဘုရားကြီး ဒေါက်တာနန္ဒမာ လာဘိဝံသ တည်ထောင်ထားသော မေတ္တာ နန္ဒ ဆေးရုံ (ယက်ကန်းစင်) ကို အကြမ်းဖက်စစ်ကောင်စီ ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မတ္တရာမြို့နယ် ဆည်တော်လမ်းခွဲ ကျေးရွာမှ ဆေးရုံသို့ မီးဖွားလာသူ အသက် ၃၀ ခန့် အမျိုး သမီးသေဆုံးပြီး အသက်၃၅ အရွယ် အမျိုးသမီး တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိ (စိုးရိမ်ရ)နှင့် ဆေးရုံသို့ ဆေးကုသရန် ရောက်ရှိနေသူ ပြည်သူ ၁၁ဦး မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ ကြောင်း၊ ထို့အပြင် ဆေးရုံ သားဖွားမီးယပ် အဆောင် အပါ အဝင် အဆောက်အုံ ၃ လုံး ပျက်စီးခဲ့ ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် အပြစ်မဲ့သားများနေထိုင်ရာကျေးရွာများ၊ မှီခိုရာဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ စစ်ဘေးရှောင်စခန်းများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံး ကြဲ တိုက်ခိုက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ဝေးရာနေရာများ တွင် နေထိုင် ပေးကြပါရန်နှင့် လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက် ပုန်းခိုကျင်းများတူးထားကြရန် တော်လှန် ရေးအဖွဲ့အစည်းများက တိုက်တွန်း နှိုးဆော်ထားသည်။
Thanlwin Myanmar Media