Mandalay News

Mandalay News

တောင်သာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် လုံခြုံရေးစစ်ဆေးစဉ် တပ်ကြပ်ကြီး အောင်မျိုး ကို အရှင်ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၀

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် လုံခြုံရေးစစ်ဆေးစဉ် စစ်ကောင် စီတပ်မှ တပ်ကြပ်ကြီး အောင်မျိုးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း တောင်သာမြို့နယ် ပကဖထံမှ သိရ သည်။

 

ဇွန်လ ၁၇ ရက်နေ့က တောင်သာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် တောင်သာမြို့နယ် ပြည် သူ့ ကာကွယ်ရေးအဖွဲ့ရဲဘော်များက လမ်းပိုင်း လုံခြုံရေး စစ်ဆေးမှုပြုလုပ်စဉ် ပဲခူးတိုင်း ၊ သာဂရ တပ်မတော်အကြီးစားစက်ရုံတွင် တာဝန်ထမ်းဆောင်နေသော အကြမ်းဖက်စစ်ကောင်စီ၏ လက် အောက်ခံ တပ်ကြပ်ကြီးအောင်ဖြိုးကို မြန်မာ့စီးပွားရေးဘဏ်စာအုပ်၊ မှတ်ပုံတင်၊ ယဥ်မောင်း လိုင် စင်၊ တမတ်သား ရွှေလက်စွပ်တကွင်းတို့နှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

“သူက ပဲခူး၊ သာဂရဘက်ကနေ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ဘက်ကို မြန်မာ့စီးပွားရေး ဘဏ်မှာ အပ်ထားတဲ့ သူ့ငွေကြေးလေး ထုတ်ရင်းခွင့်နဲ့ သွားတာလို့ သိရပါတယ်။ လက်ရှိတော့ သူ့ ကို ဖမ်းဆီးထိန်းသိမ်း စစ်ဆေးနေတယ်။ သူ့ဆီက သတင်းအချက်အလက်ဘာညာရဖို့ စစ်ဆေးနေ တုန်းပါပဲ” ဟု တောင်သာမြို့နယ် ပကဖမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

Thanlwim Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ပြည်သူလူထုကို ဦးတည်၍ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

ဖားကန့်မြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ပြည်သူလူထုကို ဦးတည်၍ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၄   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့က ပြည်သူလူထုကို ဦးတည်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ယနေ့ ဩဂုတ်လ ၄ ရက်...