မြို့သာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇွန်လ ၉
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြာင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၈ ရက် နံနက် ၅ နာရီ ၃၀ မိနစ်က အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသော မြို့သာရဲ စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ် ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ် ကောင်စီတပ်သား ၁ ဦးသေဆုံးကာ ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အပြန်အလှန်တိုက်ပွဲက နာရီဝက်လောက်ပဲ ဖြစ်ခဲ့တာ။ လက်နက်ကြီး ၆၀ မမ ၅ လုံးထုတာက လည်း စခန်းထဲချည်းပဲ ကွက်တိ တည့်ကျတာ၊ စခန်းကို ဝင်တိုက်ပြီးတော့ စစ်ကူလာမယ့်စစ်ကြောင်း ဖြတ်ခဲ့သေးတယ်၊ ပြီးတော့ ငါန်းဇွန်ဘက်ကလည်း စစ်ကူတက်လာတယ်ကြားတာရယ်၊ ကျနော်တို့ ဘက်က အင်အားကလည်း နည်းတာရယ်ကြောင့် ပြန်ဆုတ်လာတာပါ၊ စခ ၁ ဦးသေတယ်၊ ၄ ဦး အ ပြင်း အထန်ဒဏ်ရာရတယ်၊ အဲဒီ အပြင်းအထန် ဒဏ်ရာရတဲ့ ၄ ဦးကလည်း သေတယ်၊ မသေဘူး တော့ မသိရသေးဘူး။ တော်တော်ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ် သိရတယ်။ သေရင်လည်း စခန်း ဝင်ထဲမှာ ပဲမြေမြှုပ်ပစ်လိုက်တာဆိုတော့ သိရဖို့ကတော့ ခက်ခဲတယ်” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံ တိုက်နယ် ၃ နဂါးနီပြောက်ကျား ပြည့်သူ့ကာကွယ်ရေးအဖွဲ့ နှင့်အတူ Sintgaing Revolution Force-SRF နှင့် ငါန်းဇွန်မြို့နယ် ပကဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ဂ
မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့်နီးစပ်ရာများနေရာများတွင် သွားလာနေထိုင် ခြင်းမပြုကြရန် နှင့် စစ်ကောင်စီတပ်သားများကို အချိန်မရွေးတိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိ ပေး ထားသည်။
ထို့အပြင် ခရီးသွား ပြည်သူများ အနေဖြင့်လည်း မန္တလေး -မြင်းခြံလမ်းပိုင်းနှင့် ငါန်းဇွန် -မြို့ သာလမ်း ပိုင်း တို့တွင် ည ၉ နာရီအချိန်မှ မနက် ၄ နာရီအချိန်ထိ ယာဉ်များ ဖြတ်သန်းသွားလာခြင်း မပြုကြ ရန်၊ တားမြစ်ချက်ကို လိုက်နာခြင်းမရှိပဲ ဖြတ်သန်းသွားလာမည်ဆိုပါက ထိထိရောက်ရောက အရေး ယူသွားမည်ဖြစ်ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံက ထုတ်ပြန်သည်။
Thanlwin Myanmar Media