Mandalay News

Mandalay News

မြင်းခြံမြို့နယ်၊တူရွှင်းဘို့ကျေးရွာကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ကစဉ့်ကလျား ပြန်ဆုတ်ပြေး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၉

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူရွှင်းဘို့ကျေးရွာဘက်သို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ကစဉ့်ကလျား ဆုတ်ပြေးသွားကြောင်း နဂါးနီ ပြောက် ကျားတပ်ဖွဲ့ – မြင်းခြံ ထံမှ သိရသည်။

 

ဇွန်လ ၂ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က မြင်းခြံမြို့နယ် တူရွင်းဘို့ကျေးရွှာဘက်သို့အင်အား ၁၀၀ ခန့် ဖြင့် စစ်ကြောင်းထိုးလာသော ခမရ ၁၅ မှ စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ တိုက်ခိုက်ခဲ့ရာ စစ်သားများ အထိနာပြီး ကစဉ့်ကလျားပြန်လည်ဆုတ်ခွာသွားကြောင်း၊ ထို့သို့ ကစဉ့်ကလျားဆုတ်သွားသည့် စစ်ကြောင်းကို ကျားထိုးတက်ကာ ကျောက်ပြုတ်ကျေးရွာအနီး အထိလိုက်လံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မနက်အစာကြီးကတည်းက ကြိုတင်နေရာယူပြီး စောင့်နေတာ၊စခ ၂၀ ထက်မနည်းထိခိုက်သူ ရှိ တယ် လို့သိရပါတယ်။ သေတာတော့ ၅ ဦးလောက်ရှိတယ်။ ထိခိုက် က များတယ်။ ဆေးရုံရောက်ပြီး သေတဲ့ စာရင်းကတော့ မသိရဘူး” ဟု နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။

 

အလားတူ လယ်သစ်ရွာနှင့် ကျောက်ပြုတ် ကျေးရွာတို့၌ တပ်စွဲထားသော ပျူစောထီးများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို မြင်းခြံတိုက်နယ် ၃ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ နှင့် နယ်မြေခံ မဟာမိတ် တပ်ဖွဲ့များက ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်ရှိ စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၈   တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်ရှိ စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ဒူရကစစ်ကြောင်းထံမှ သိရသည်။   ဇွန်လ...