Mandalay News

Mandalay News

မြင်းခြံမြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မည်ဟု ဗိုလ်မိုက်ခဲပြော (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇွန် ၇

 

မန္တလေးတိုင်း၊ မြင်းခြံမြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် “ကျားမဲဟိန်းသံ မြို့သို့ညံ” ကမ်ပိန်းပြုလုပ်နေ ကြောင်း  Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ပြောဆိုသည်။

 

ဇွန်လ ၅ ရက်နေ့မှ ဩဂုတ်လ ၁၅ ရက်နေ့အထိ မြင်းခြံမြို့သိမ်းတိုက်ပွဲအတွက် လိုအပ်လျက်ရှိသော တာဝေးပစ်လက်နက်များ၊ ဘန်ကာဖြို လက်နက်ကြီးများ အပြင် အဓိကချေမှုန်းရေး ကွန်မန်ဒို တပ်ဖွဲ့ အတွက် ကျည်ကာ (Level 4) အဆင့် ဝတ်စုံ ၅၀ ၊ ကျည်ကာ ဦးထုပ် အလုံး ၅၀ နှင့် AK 47 အမျိုးအ စား ရိုင်ဖယ် အလက် ၅၀ လိုအပ်နေသော “ကျားမဲဟိန်းသံ မြို့သို့ညံ” သိန်း ၇၀၀၀ ကမ်ပိန်းပြုလုပ် နေကြောင်း အသိပေးထားသည်။

 

“အခုက ကိုယ့်မြို ကိုယ်ပြန်ရရေးအတွက် မြင်းခြံမြိုသိမ်းတိုက်ပွဲကို ကျားမဲတွေ ဆင်နွှဲတော့မှာမို့ပြည် တွင်း ပြည်ပရှိ တော်လှန် မိဘပြည်သူတွေအနေနဲ့ ကျနော်တို့ကွန်မန်ဒို ကျားမဲတွေအတွက် ပါဝင် အားဖြည့်ပေးကြဖို အထူးတိုက်တွန်းအပ်ပါတယ်။ တာဝေးပစ်လက်နက်ကြီးတွေ၊ ဘန်ကာဖြိုလက် နက်တွေကို End Point ကမ်ပိန်းကနေ ဝယ်ဖြည့်တင်းထားတာရှိတယ်။ အခုက အထူးကွန်မန်ဒိုရဲ ဘော် ၅၀ အတွက် ပြုလုပ်တဲ့ကမ်ပိန်းပါ” ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် “ကျားမဲဟိန်းသံ မြို့သို့ညံ” ကမ်းပိန်းကို –

 

https://www.facebook.com/profile.php?id=61568480588187

 

Page Messenger မှ တဆင့်ဆက်သွယ်၍ ကူညီပေးကြပါရန်‌ မေတ္တာရပ်ခံထားသည်။

 

Myingyan Black Tiger (MBT)တပ်ဖွဲ့အနေဖြင့် ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ပါဝင် တိုက် ခိုက်ခဲ့ပြီး အထူးစစ်ဆင်ရေးအနေဖြင့် မဟာမိတ်အဖွဲ့အစည်းများ၏ နယ်မြေတွင် စစ်ကြောင်း ၂ ကြောင်း ပါဝင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပြည်သူလူထုအပေါ် ဆက်ဆံရာတွင်အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းခဲ့သည့်PDF ရဲဘော်များ အားလုံးကိုအရေးယူမည် (ရုပ်သံ)

ပြည်သူလူထုအပေါ် ဆက်ဆံရာတွင်အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းခဲ့သည့်PDF ရဲဘော်များ အားလုံးကိုအရေးယူမည် (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၂ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ပြည်သူလူထုအပေါ် ဆက်ဆံရာ၌ အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းသွားခဲ့သည့် တာဝန်ရဲဘော်များကို သတိပေးအယူမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးကာ်မတီ ထံက သိရသည်။ ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခန့်က စဉ့်ကူးမြို့နယ်အတွင်းရှိ...