Mandalay News

Mandalay News

နွားထိုးကြီးမြို့နယ်တွင် စစ်ကူစစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၆

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကူစစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးကြောင်း မြင်းခြံခရိုင် အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့က ထုတ် ပြန်သည်။

ဇွန်လ ၃ ရက်နေ့နံနက် ၁၁ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းသို့ စစ်ကူပေးရန် ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး ထက်မနည်း သေဆုံး ပြီး စစ်သားအလောင်း တစ်လောင်းနှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

ထို့အပြင် ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းမှ ထွက်ပြေားလာသော စစ်မှုထမ်းတပ်သား ၈ ဦး ကိုလည်း ကယ်ထုတ်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသာ စနိုက်ပါ တပ် သား ၁ ဦးနှင့် ရိုးရိုးသားတစ်ဦးတို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်းနှင့် မဟာ မိတ်ပူပေါင်းတပ်ဖွဲ့များမှ 9/A Nyar Myae Operation အဖြစ် ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး စစ်ကူအဖြစ်လာသော စစ်ကြောင်းကိုလည်း ကြးဖြတ်တိုက်ခိုက်ခဲ့ခြင်းကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှ ထွက်လာသော ပျူစောထီး ၁ ဦးပစ်ခတ်ခံရပြီးသေဆုံး၊ လက်နက် တစ်လက် သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန် ၆   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းမှ ထွက်လာသော ပျူစောထီး ၁ ဦးကို ပစ် ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားပြီး...