Mandalay News

Mandalay News

သပိတ်ကျင်းမြို့နယ်၊ ကြက်ရိုးပင်ကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဘုန်းကြီး တစ်ပါး ပျံလွန်တော်မူပြီး ပြည်သူ ၄ ဦး ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၆

 

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ကြက်ရိုးပင်ကျေးရွာဘုန်းကြီးကျောင်းကို စစ် တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၅ ရက် ညနေ ၅ နာရီ ၁၇ မိနစ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ သပိတ်ကျင်းမြို့နယ်၊ ကြက်ရိုးပင်ကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက် လာသော ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သက် ၆၇ နှစ်အရွယ်ရှိ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး ပြည်သူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး ထိခိုက်ရာရရှိခဲ့ကြောင်း သိရသည်။

“ပျံလွန်တော်မူတဲ့ဆရာတော်က သက်တော်က ၆၇ နှစ်၊ ဝါတော်ကတော့ မသိရဘူး။ ဆရာတော် အရိယဗျ။ သိမ်ကျောင်းဆောင် တစ်ဆောင် ပျက်စီးသွားတယ်၊ ဗုံးကတော့ တစ်လုံးကျဲသွားတာ၊ ပေါင်ဘယ်လောက်ဗုံးလဲတော့ ခန်းမှန်းလို့ မရဘူး” ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တဖက်သတ်အပစ်အခတ်ရပ်စဲ ကြေညာထားသော်လည်း ယင်းကြေညာချက်ကို ချိုးဖောက်ကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အရပ်သား ပြည်သူများနေထိုင်ရာ ကျေးရွာများ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများကို ပစ်မှတ်၍ လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေခြင်းဖြစ်ပြီး မိဘပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက် ပုန်းခိုကျင်းများ တူးထားကြရန် နှိုးဆော် ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karenni State News

Karenni State News

စစ်ကောင်စီတပ်က ဆက်လက်စစ်ကြောင်းထိုးလာမှုကြောင့် နန်းမယ်ခုံ တစ်မြို့နယ်လုံး စစ်ရှောင်နေရ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၆   ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က ဆက်လက် စစ်ကြောင်း ထိုး လာမှုကြောင့် နန်းမယ်ခုံတစ်မြို့နယ်လုံး စစ်ဘေးရှောင်နေရကြောင်း ကရင်နီပြည်စစ်ရေး သတင်း ရင်းမြစ်ထံက သိရသည်။   ဇူလိုင်လ...