Mandalay News

Mandalay News

စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း အပါအဝင် အဆောက်အအုံ ၆ လုံးပျက်စီး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၃

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဘုန်း ကြီး ကျောင်း၊ စာသင်ကျောင်းဆောင်များအပါအဝင် အဆောက်အအုံ ၆ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၃ ရက် နံနက် ၁၁ နာရီ ၅ မိနစ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စဉ့်ကူးမြို့ပေါ်ရှိ မြသိန်း တန်ဘုရားနှင့် ဘုန်းကြီးကျောင်းကို ဦးတည်ပစ်မှတ်ထားကာ အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာဘုန်းကြီးကျောင်းဆောင် ၂ ဆောင် ထိခိုက်ပျက်စီးပြီး ပြည်သူထိခိုက်မှုမရှိကြောင်း သိရသည်။

“စစ်ကောင်စီရဲ့ အပစ်အခတ်ရပ်စဲတယ်ဆိုတာက ပြည်သူတွေအပေါ်ကြည့်ပါတယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး နိုင်ငံတကာမှာ အသံကြားကောင်းအောင်လုပ်တာပေါ့၊ တကယ်တော့ ပြည်သူ တွေနေတဲ့နေရာကိုပဲ လေကြောင်းကနေတိုက်ခိုက်နေတာ၊ လေကြောင်းကနေတိုက်ခိုက်ပြီး ပြည်သူ တွေကို သတ်ဖြတ်နေတာပါ၊ စာသင်ကျောင်းတွေကျဲ၊ဘုးန်ကြီးကျောင်းတွေကြဲတယ်၊ ဒါတွေက ပြည် သူတွေပဲ ခိုလှုံနေတဲ့နေရာပေါ့၊ ဒါက ကလေးတွေ ၊ ပြည်သူတွေကို သတ်ဖြတ်နေတာပါပဲ၊ ဒါတွေကို ပြည်သူတွေလည်း သိသင့်ပြီလို့ထင်တယ်။ စစ်ကောင်စီထောက်ခံအားပေးနေတဲ့ ပြည်သူတွေလည်း အမှန်ရသင့်နေပြီလို့ ပြောချင်ပါတယ်” ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကားသည်။

 

ဇွန်လ ၁ ရက် မွန်းလွဲ ၂ နာရီ ၂၆ မိနစ်ကလည်း စဉ့်ကူးမြို့နယ် ၊ နွယ်ရုံကျေးရွာသို့ အကြမ်းဖက် စစ် ကောင်စီ၏ တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆောက် အအုံ ၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူထိခိုက်မှုမရှိကြောင်း သိရသည်။

 

ထိုအပြင် ဇွန်လ ၂ ရက် မွန်းလွဲ ၂ နာရီ ၃၂ မိနစ်တွင်လည်း စဉ့်ကူးမြို့နယ်၊ နတ်တောင်ကျေးရွာရှိ lucky 7ဟိုတယ်ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ အမျိုးသမီး အပြင်းအထန်ဒဏ်ရာ စိုးရိမ်ရ အပါအဝင် ၃ ဦး ထိခိုကု်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ ဇွန်လ ၁ ရက် နံနက် ၇ နာရီ မိနစ် ၄၀ အချိန်က သပိတ်ကျင်းမြို့နယ် ၄ မိုင် ကန်သာ စာ သင် ကျောင်းကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးသီး ၁ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းဆောင် ၂ ဆောင်ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူထိခိုက်မှုမရှိကြောင်း သိရသည်။

 

မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီနှင့်ဝေးသောနေရာများတွင် နေထိုင်ကြရန်၊ လေကြောင်းရန် ကာကွယ်နိုင်ရန် ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာ တူးထားကြရန်နှင့် ပြည်သူ့ကာကွယ် ရေးအဖွဲ့အစည်းများ၏ လေကြောင်းရန် ကာကွယ်ရေးအတွက် သတိပေးထုတ်ပြန်ချက်များကို လိုက် နာပေးကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၅   မကွေးတိုင်း၊ ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်တို့တွင်တ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲအကြမ်းဖက် စစ် ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄...