Mandalay News

Mandalay News

ပုဂံမြို့သစ်၊ ဂင်္ဂါရပ်ကွက်ဇရပ်၌ ဆက်ကြေးကောက်ရန် စုဝေးနေသော စစ်ထွက်ပျူခေါင်းဆောင် ဇော်ဇာ်နှင့် အပေါင်းပါများကို တိုက်ခိုက်မှု ပျူ ၈ ဦးသေဆုံး တစ်ဦးဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၃

 

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ ဂင်္ဂါရပ်ကွက်ဇရပ်တွင် ဆက်ကြေးကောက်ရန် စုဝေး နေသော စစ်ထွက်ပျူခေါင်းဆောင် ဇော်ဇော်နှင့်အပေါင်းပါများကို တိုက်ခိုက်ခဲ့ရာ ပျူ ၈ ဦးသေဆုံးခဲ့ ကြောင်း ထနောင်းမြေစစ်ကြောင်းက ထုတ်ပြန်သည်။

 

ဇွန်လ ၁ ရက် ညနေ ၂ နာရီ ၅၀ မိနစ်က ပုဂံမြို့သစ် ဂင်္ဂါရပ်ကွက် ဓမ္မာရုံတွင် စစ်ကောင်စီလက် အာက်ခံ စစ်တပ်မှ နှုတ်ထွက်၍ ပျူစောထီးခေါင်းဆောင်လုပ်နေသူ ဇော်ဇော်(ခ)မြင့်ဇော်နှင့် နောက် လိုက်အပေါင်းပါများသည် ရပ်ကွက်ထိပ်ရှိ ဇရပ်၌ ပြည်သူများထံမှဆပ်ကြေးကာက်ခံ ရန် စုဝေး တိုင် ပင် နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ကားဖြင့်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“ဓမ္မာရုံဆိုတာ တရားပွဲအတွက် စု‌ဝေးနေတာမဟုတ်ပါဘူး။ ဆက်ကြေးကောက်နေတာ ပြီးတော့ ပျူစောထီး သက်သေခံ အထောက်အထားတွေကော လက်လုပ်သေနတ် အတို ၂ လက်၊ ပြီးတော့ ကျည်တွေကော လက်ပစ်ဗုံးတွေကော သိမ်းဆည်းရမိခဲ့တယ်။ ကျနော်တို့ ပစ်တာက ပျူစောထီး ခေါင်းဆောင် ဇော်ဇော်ကို အဓိက ထားပစ်တာ ကျနော်တို့ဝင်ပစ်တဲ့ အနေအထားမှာ လက်ပစ်ဗုံးနဲ့ ပြန်ပစ်တာကို ကျနော်တို့ ကျည်က လက်ပစ်ဗုံးကို မှန်သွားတာလားတော့ မသိဘူး။ လက်ပစ်ဗုံးက ထပေါက်တာ။ ကျနော်တို့ ကားနဲ့ ဝင်ပစ်ပြီး ပြန်ကွေ့တဲ့ အချိန်မှာ အကုန်လုံးက မှောက်နေကြပြီ။ ပြည်သူတွေအနေနဲ့ ပျူစောထီးတွေနဲ့ အနီးကပ်မနေဖို့တိုက်တွန်းချင်ပါတယ်။ သေဆုံးသွားတဲ့ သူ တွေကလည်း ပျူခေါင်းဆောင် ဇော်ဇော်ရဲ နောက်လိုက်တွေပါ။ ကျနော်တို့ ပစ္စည်းဆင်းကောက်တဲ့ အချိန်မှာတောင် ဒဏ်ရာနဲ့ သူတစ်ယောက်တွေ့တယ်။ သူ့မှာ လက်နက်မရှိတော့ ကျနော်တို့ ဘာမှမ လုပ်ခဲ့ပါဘူး။ သေဆုံးတာက ပျူစောထီးခေါင်းဆောင် ဇော်ဇော် အပါအဝင် ၈ ဦးပါ” ဟု ထနောင်းမြေ စစ်ကြောင်း မှ စစ်ကြောင်း IO ရဲဘော် မူတူးက ပြောဆိုသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း လက်ပစ်ဗုံး (နာနတ်သီးဖြင့်) ပြန်လည်ပစ်ခတ်ရန် ဆွဲဖြုတ်ချိန် ကျည်ထိ မှန်ပြီး လက်ပစ်ဗုံးထပ်မံပေါက်ကွဲမှုကြောင့် ပျူခေါင်းဆောင် ဇော်ဇော်နှင့်အတူ အပေါင်းပါ ၈ ဦး သေ ဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

သေဆုံးသွားသော ပျူစောထီးများထံမှ လက်လုပ် ပွိုင့် ၂၂ သေနတ် ၁ လက်၊ ကာဘိုင် လက်လုပ် သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကာဘိုင်ကျည် ၁၀ တောင့် ၊ ပွိုင့် ၂၂ ကျည် ၆ တောင့် ၊ ပျူစော ထီးများ စီးနင်းသော ဆိုင်ကယ် ၂ စီးနှင့်အတူ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို ထနောင်းမြေစစ်ကြောင်းနှင့်အတူ BAGAN&NYAUNG -U Special Task Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

ရေဖြူမြို့နယ်၊ ဆင်စွယ်ကျေးရွာမှ လှည့်ကင်းထွက်လာသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၅   တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာအတွင်းမှ လှည့်ကင်းထွက် လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း...