Mandalay News

Mandalay News

မန္တလေးမြို့တွင် ငလျင်ဒဏ်သင့်အဆောက်အအုံကို ဖြိုချရာက အရှိန်လွန်ကာ လမ်းမပေါ်အထိပြိုကျ

 

သံလွင်မြန်မာသတင်း

မေလ ၃

 

မန္တလေးမြို့၊ ၈၂ လမ်းနှင့် ၁၄ လမ်းပေါ်ရှိ ငလျင်ဒဏ်သင့်အဆောက်အအုံကို ဖြိုချရာက အရှိန်လွန် ကာလမ်းမပေါ်အထိ ပြိုကျခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၂ ရက် နံနက် ပိုင်းက အောင်မြေသာစံမြို့နယ်၊ ၈၂ လမ်း၊ ၁၄ လမ်းမပေါ်ရှိ ငလျင်ဒဏ် သင့်အဆောက်အအုံတစ်လုံးကို ယန္တရားဖြင့် ဖြိုချခဲ့ရာ အရှိန်လွန်ပြိုကျသွားပြီးလမ်းမပေါ်အထိ တိုက်မြေသားများ ပြိုကျခဲ့ကြောင်း၊ ထိုသို့ ပြိုကျမှုကြောင့် ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရ သည်။

“တိုက်က ပြိုကျတော့မှာမို့ ယန္တရားသုံးပြီးတော့ ဖြိုချတာ၊ ပြိုတာမဟုတ်ဘူး။ ဖြိုချလိုက်တာကို အရှိန်လွန်ပြီး လမ်းပေါ်အထိ ပြိုကျသွားတာ၊ အခါတိုင်းက ဖြိချနေရင်းပြိုကျတာ၊ အခုက ဖြိုချလိုက် တာဆိုတော့ လူထိခိုက်မှုမရှိပါဘူး။” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

မန္တလေးမြို့တွင် မြေုငလျင်ဒဏ်ခံထားရသည့် အဆောက်အအုံ ၄၀၀၀ ဝန်းကျင်ရှိပြီး ငွေကြေးတတ် နိုင်သူ များမှာ ယန္တရားများဖြင့် ဖြိုချမှုရှိသလို ငွေကြေးမတတ်နိုင်သူများမှာလည်း လူငှားကာ ကိုယ် ထူကိုယ် ထစနစ်ဖြင့် လုပ်ဆောင်နေရကြောင်း သိရသည်။

 

ကိုယ်ထူကိုထစနစ်ဖြင့် ဖြိုချနေရမှုကြောင့် မေလ ၃၁ ရက် ညနေ ၅ နာရီ ၅၀ မိနစ်က အောင်မြေသာဇံမြို့နယ်၊ ၂၆ လမ်းနှင့် လမ်း ၆၀ ထောင့်ရှိ မြေငလျင်ဒဏ်ခံထားရသော လေးထပ်တိုက်အဆောက် အအုံ တစ်လုံးကို ဖြိုချဖျက်ဆီးနေစဉ် ပြိုကျခဲ့ရာ အသက် ၁၈ နှစ်အရွယ် အမျိုးသား တစ်ဦး သေဆုံးပြီး အသက် ၄၀ အရွယ်ခန့်ရှိ အမျိုးသား တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ မေလ ၃၀ ရက် မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ၊ ချမ်းအေးသာဇံမြို့နယ်၊ ၂၆ လမ်း ၈၆ လမ်း နှင့် ၈၇ လမ်းကြားရှိ ငလျင်ဒဏ် သင့်အဆောက်အဦး တစ်လုံးကို ဖြိုချနေစဉ် ဆလပ်ပြင် ပြိုကျပြီး အမျိုးသား ၂ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့သေးသည်။

Photo – ပုံဟောင်း

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ပြင်ဦးလွင် ၊ ပုသိမ်ကြီး၊ မတ္တရာနှင့် နောင်ချိုမြို့နယ်တို့အတွင်းရှိ စစ်ကောင်စီတပ်၏ လူ ၊ လက်နက်၊ ခဲယမ်းတိုက် တည်နေရာများကို အတိအကျ သတင်းပေးနိုင်သူအား ထိုက်ထိုက်တန်တန် ဆုငွေချီး မြှင့်မည်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၉   မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်နှင့်...