Mandalay News

Mandalay News

မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်တွင် ငလျင်ဒဏ်သင့်အဆောက်အအုံဖြိုချရာက အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

မေလ ၃၀

 

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၂၆ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ ငလျင်ဒဏ်သင့် အ ဆောက်အအုံတစ်လုံးကို ဖြိုချရာက အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီ) ထံမှ သိရသည်။

 

ယနေ့‌ မေလ ၃၀ ရက် မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ၊ ချမ်းအေးသာဇံမြို့နယ်၊ ၂၆ လမ်း ၈၆ လမ်း နှင့် ၈၇ လမ်းကြားရှိ ငလျင်ဒဏ် သင့်အဆောက်အဦး တစ်လုံးကို ဖြိုချနေစဉ် ဆလပ်ပြင် ပြိုကျပြီး အမျိုးသား ၂ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့နေ့ခင်း ၁ နာရီလောက်ကပါ၊ ငလျင်ကြောင့် ပြိုကျတဲ့အဆောက်အအုံကို ဖြိုချနေတဲ့ အချိန်မှာ ဆလပ်ပြင် ပြိုကျပြီးတော့ ခြေထောက်ထိခိုက်ဒဏ်ရာရတာ၊ လူနာတွေက မစိုးရိမ်ရပါဘူး။ ဒဏ်ရာရ လူနာတွေကိုတော့ ဆေးရုံပို့ပေးလိုက်ပါတယ်” ဟု မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ (မန္တလေး တိုင်း ဒေသကြီးကော်မတီ) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသား ၂ ဦးကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး တိုင်းဒေသကြီးကော်မတီ) ၊ ချမ်းအေးသာဇံမြို့နယ်ရုံးမှ လူနာတင်ကားဖြင့် မန္တ​လေးပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mon State News

Mon State News

စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်ကို လိုက်ပါကူညီမည့်သူများစာရင်းကို ရရှိထားပြီး ဆက်လက်ပါဝင်နေပါက အရေးယူသွားမည်ဟုဆို   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၁   မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို လိုက်ပါကူညီ မည့်သူများ၏ စာရင်းကို ရရှိထားပြီး ဆက်လက်ပါဝင်လုပ်ဆောင်နေပါက အရေးယူသွားမည်ဖြစ် ကြောင်း မွန်ပြည်နယ်အခြေစိုက်တပ်ဖွဲ့...