Mandalay News

Mandalay News

တောင်သာမြို့၊ မင်္ဂလာဦးဂိတ်နှင့်ဝန်ထမ်းအိမ်ယာအပါအဝင် စစ်တပ်စခန်း ၃ ခုကို စီးနင်းတိုက်ခိုက်မှု စစ်သား၊ ရဲ ၂ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မေလ ၂၉

 

မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်ရှိ မင်္ဂလာဦးဂိတ်နှင့် ဝန်ထမ်းအိမ်ယာအပါအဝင် စစ်တပ်စခန်း ၃ ခု ကို ဝင်ရောက်စီးနင်းတိုက် ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း တေင်သာပကဖထံမှ သိရ သည်။

 

မေလ ၂၂ ရက် နေ့က တောင်သာမြို့၊ မင်္ဂလာဦးရပ်ကွက်၊ မင်္ဂလာဦးဂိတ်နှင့် တောင်သာမြို့၊ ဘူတာ ကုန်းရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာဝန်းတို့ကို စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် မေလ ၂၂ ရက် ညနေ ၄ နာရီခန့်တွင် တောင်သာမြို့ အနီးရှိ Off-Take Gus Station တွင် စောင့်ကြပ်တပ်စွဲ လျက် ရှိသော စစ်‌သားများအား လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ စစ်သား ၊ရဲ ၂ ဦး သေဆုံး၍ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း ၃ ၊ မိတ္ထီ လာမြို့ နယ်ပကဖ ၊ တပ်ရင်းမှူးရဲဘော်ကီး ဦးဆောင်သော နေပြည်တော် ၈၀၁ PDF နှင့် တောင်သာ စစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပြည်သူ့စစ်တွေသေပါက စာရွက်ဖြူတစ်ရွက်နှင့် ၃၀၀ တန်ဘောပင်တစ်ချောင်းပဲ ကုန်သည်ဟု စစ် ဗိုလ်များက ခြိမ်းခြောက်၊ တပ်ရင်းများတွင်လည်း မူးယစ်ဆေးဝါးရောင်းချနေ (ရုပ်သံ)

ပြည်သူ့စစ်တွေသေပါက စာရွက်ဖြူတစ်ရွက်နှင့် ၃၀၀ တန်ဘောပင်တစ်ချောင်းပဲ ကုန်သည်ဟု စစ် ဗိုလ်များက ခြိမ်းခြောက်၊ တပ်ရင်းများတွင်လည်း မူးယစ်ဆေးဝါးရောင်းချနေ (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၉ ပြည်သူ့စစ်မှုထမ်း - ပစ စစ်သားများ သေဆုံးပါက စာရွက်ဖြူတစ်ရွက်နှင့် ၃၀၀ တန်ဘောပင်တစ် ချောင်း သာ ကုန်သည်ဟု စစ်ဗိုလ်များက ခြိမ်းခြောက်လျက်ရှိပြီး တပ်ရင်းအတွင်း၌လည်း မူးယစ် ဆေးဝါးများ ရောင်းနေကြောင်း အလင်းဝင် စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်းက ပြောကြား သည်။...