Mandalay News

Mandalay News

မြင်းခြံမြို့ပေါ်ရှိ ခရိုင်ရုံးအပါအဝင် စစ်တပ်စခန်း ၄ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ပျူ ၈ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မေလ ၂၇

 

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်ရှိ ခရိုင်ရုံး၊ ရဲသင်တန်းကျောင်း၊ ဇီးခြံစစ်တပ်ဂိတ်နှင့် စကားဝါဂိတ်တို့ကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ပျူစောထီး ၈ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၁၅ ရက် နံနက် ၁၀ နာရီမှစ၍ မြင်းခြံမြို့ ခရိုင်ရုံး၊ ရဲသင်တန်းကျောင်း၊ အမှတ် ၁၈ ရပ်ကွက် ဇီးခြံကာကင်းဂိတ်စခန်းနှင့် အမှတ် ၁၈ ရပ်ကွက် စကားဝါကာကင်းဂိတ်စခန်းတို့ကို ၉/အညာမြေ စစ်ဆင်ရေးအဖြစ် Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့် မဟာမိတ်များပူးပေါင်းကာ တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စခန်းတော့ မသိမ်းနိုင်ခဲ့ဘူး။ မြို့ပေါ်ဆိုတော့ သတင်းပေါက်တဲ့အပိုင်းတွေလည်း ပါမယ်။ သိထားရ တဲ့အင်အားထက် သုံးလေးဆလောက်များနေတာရှိတယ်။ အဲလိုဆိုတော့ လက်နက်တွေလည်း မရခဲ့ ဘူး။ ဒီစစ်ဆင်ရေးအတွင်းမှာ ပြည်သူတွေထိခိုက်မှုရှိတယ်လို့ ကြားတယ်၊ မိဘပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ နီးတဲ့နေရာတွေမှာ မနေကြဖို့ အဓိကမေတ္တာရပ်ခံချင်ပါတယ်” ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြား သည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်သား ၁ ဦး၊ အမျိုးသမီး ပျူစောထီး ၂ ဦး၊ အမျိုးသား ပျူစောထီး ၅ ဦး  စုစုပေါင်း ၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger – MBT တပ်ဖွဲ့၊ Burmese Guerrilla force (BGF) နှင့် ဗိုလ်စားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ၎င်းစစ်ဆင်ရေးမှသည် မြိုသိမ်းစစ် ဆင်ရေးသို့ ဆက်လက်တိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံခွင့် ရရှိရေး သားဖြစ်သူ ကိုထိန်လင်းက တောင်းဆိုလိုက်ပြီး မိခင်ဖြစ်သူကို အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာကို မဖြစ်စေချင်ကြောင်း ၎င်းက ပြောဆိုသည်။ အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က “ဒေါ်ဆောင်ဆန်းစုကြည်နေမကောင်းဘူး” ဆိုသည့် သ တင်း မှာ မှန်ကန်မှုမရှိဟု...