Mandalay News

Mandalay News

တောင်သာမြို့နယ်၊ ထနောင်းကုန်းရွာ ပျူစောထီးစခန်းကို တိုက်ခိုက်မှု မြေပြင်၊ ဝေဟင် စစ်ကူပေး ပြီး ပိတ်မိနေသော စစ်သား၊ ပျူစောထီးများကို ခေါ်ထုတ်သွား

 

သံလွင်မြန်မာသတင်း

မေလ ၂၇

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ထနောင်းကုန်းရွာရှိ ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်က မြေပြင်၊ ဝေဟင် စစ်ကူပေးပြီး ပိတ်မိနေသော စစ်သား၊ ပျူစောထီးများကို ခေါ် ထုတ်သွားကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းထံမှ သိရသည်။

 

မေလ ၁၅ ရက် နံနက် ၆ နာရီခန့်က တောင်သာမြို့နယ်၊ ထနောင်းကုန်းကျေးရွာရှိ ပျူစောထီးစခန်း အားဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကျေးရွာအဝင်ရှိ ဘန်ကာအား RPG -7 ဖြင့် စတင်ဖြိုခွင်းတိုက်ခိုက်ခဲ့ ကြောင်း၊ ထို့နောက် စစ်သား၊ ပျူစောထီးများနေထိုင်ရာ ဘန်ကာများအားဆက်လက်ဖြိုခွင်းတိုက် ခိုက်ခဲ့ရာ ဘန်ကာတစ်ခုချင်းဆီမှတဆင့် ပျူစောထီးခေါင်းဆောင် ထူးအောင်၏ နေအိမ် ၂ ထပ်တိုက် အထိ ဆုတ်ခွာသွားကြောင်း သိရသည်။

ထိုသို့ စစ်သား၊ ပျူစောထီးများက ပျူစောထီးခေါင်းဆောင်၏ ၂ ထပ်တိုက်နေအိမ်အထိ ဆုတ်ခွာ သွားပြီးနောက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကျဲခဲ့ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အကာအကွယ်ယူထားသော တိုက်ပေါ်သို့ ပေါင် ၅၀၀ ဗုံးကျရောက်ပေါက်ကွဲပြီး မြင်းခြံ ခရိုင်တပ်ရင်း ၃ မှ ရဲဘော် ၆ ဦးမစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မေလ ၁၆ ရက်နေ့တွင်လည်း စစ်သား၊ ပျူစောထီးများ နေထိုင်ရာ ထူးအောင်၏ နေအိမ်ကို ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က Mi35 ရဟတ်ယာဉ် ၊ Y12 လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ရဲဘော် ၄ ဦး ထပ်မံ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လေ ကြောင်းရန်ကြောင့် ညအချိန်တွင် နောက်သို့ ဆုတ်ခွာပေးခဲ့ရာ ပိတ်မိနေသော စစ်သား၊ ပျူစောထီး များက နင်းမိုင်း၊ တိုက်မိုင်း ၊ လျှော့တိုက်မိုင်းများ ထွက်၍ ဆင်ထားခဲ့သည်ဟု ဆိုသည်။

 

ထို့ကြောင့် ပျူစောထီးခေါင်းဆော်င ထူးအောင်၏ နေအိမ်အနီး ကပ်မရဖြစ်နေချိန် မီတာ ၁၀၀ အ ကွာအဝေးမှ ပိတ်ဆို့ထားရာ မြင်းခြံမြို့မှ သီတာယုမွန်ဦးဆောင်သော စစ်ကြောင်းနှင့် ထိပ်တိုက် တိုးပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ပျူစောထီးခေါင်းအောင်အပါအဝင် ပိတ်မိနေသော စစ်သား၊ ပျူစော ထီးများသည် သီတာယုမွန်ဦးဆောင်သော စစ်ကြောင်းနှင့်အတူ လိုက်ပါသွားသဖြင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များလည်း ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

 

တိုက်ပွဲကာလ ၃ ရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၁၄ ကြိမ်တိတိ တိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁၀ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ကျည်ခဲ ယမ်းများစွာ အသုံးပြုခဲ့ရပြီး ပြန်လည်ဖြည့်တင်းရမည်ဖြစ်သဖြင့် မိဘပြည်သူများက ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးကြပါရန် မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအစပ်ရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး စစ် ကူယူကာ သေဆုံးစစ်သားအလောင်းများနှင့်အတူ ဆုတ်ပြေး   သံလွင်မြန်မာသတင်း မေလ ၂၇   ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင်၊ ထန်းပင်ကုန်းကျေးရွာ၊ ဗိုလ်ရုံစုတွင်တပ်စွဲထား သော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား...