Mandalay News

Mandalay News

မြင်းခြံမြို့နယ်၊ ဆုံရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပျူစောထီး ၂ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မေလ ၂၅

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး သေဆုံးခဲ့ကြောင်း Peacock Drone Team – Myaung တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၂၄ ရက် နံနက် ၁၀ နာရီခန့်က မြင်းခြံမြို့နယ်၊ ဆုံရွာ ပျူစောထီးစခန်းရှိ စစ်ကောင်စီ တပ်သားများ နားနေသည့် နေရာများနှင့် ဂျန်မာစက်ရှိရာနေရာများသို့ Fixed Wing Drone ၉ စီး အ ဆက် မပြတ်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး အမျိုးသမီး ပျူစောထီး ၁ ဦးအပါအဝင် အများအပြားဒဏ်ရာရရှိကာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“အလုံး ၂၀ ကျော်ကျဲချခဲ့တာပါ၊ ဂျမ်မာနေရာရယ်၊ စစ်သားတွေ အထိုင်ရယ်၊ အုပ်ကြီးအိမ်ရယ်၊ အဲဒီ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ၊ ထိရောက်မှုရှိခဲ့ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ဆုံရွာထဲကနေ ပြန်ပစ်တာတွေရှိတယ်။ ကျနော်တို့ရဲဘော်တွေဘေးကင်းပါတယ်” ဟု Peacock Drone Team – Myaung တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Peacock Drone Team – Myaung ၊ ယင်းမာပင် ခရိုင် တပ်ရင်း ၃၅ တပ်ခွဲ ၂၊ GZ-21 ၊ ယင်းမာပင် ခရိုင် တပ်ရင်း ၁၇ ၊ B-21 ကနီPDF ၊ NPDF ယင်းမာပင် ၊ ငါန်းဇွန်တိုက်နယ် ၁ ပကဖ ၊ Myaung Drone force M.D.F ကျားခင်စိန်တပ်ဖွဲ့ ၊ အားမာန်သစ် (ငါန်းဇွန်) ၊ Revolutionary Air Force (Myaung) ၊ 925 (ငါန်းဇွန်) နှင့် ဧရာမမြွေပွေး (ငါန်းဇွန်) အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Peacock Drone Team – Myaung အနေဖြင့် Drone missionများ အဆက်မပြတ်လုပ်ဆောင်နိုင်ရန် “အညာဝေဟင် Drone စစ်ဆင်” ကမ်ပိန်းကို ပြုလုပ်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် ၀န်းရံပေး ကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပွင့်ဖြူမြို့နယ်၊ ညောင်ကိုင်းရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၂၁ ဦးသေဆုံး (ရုပ်သံ)

ပွင့်ဖြူမြို့နယ်၊ ညောင်ကိုင်းရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၂၁ ဦးသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၅ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီကုန်းရဲစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၂၁ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖက ထုတ်ပြန် သည်။ စက်တင်ဘာလ ၄ ရက်နေ့က ပွင့်ဖြူမြိုနယ် ၊ မဲဇလီကုန်းရဲစခန်းမှ ထွက်လာသော...