၉/ အညာမြေ စစ်ဆင်ရေးအဖြစ် မြင်းခြံခရိုင်အတွင်းရှိ စစ်တပ်စခန်းနေရာ ၁၂ ခုကို တပြိုင်တည်းဝင် ရောက်တိုက်ခိုက်မှု စစ်သား ၅၀ ကျော်သေဆုံးပြီး လက်နက် ၂၇ လက် သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
မေလ ၂၄
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၁၂ ခုကို ၉/ အညာမြေ စစ်ဆင်ရေးအဖြစ် တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးခဲ့ကောင်း 9/A Nyar Myae Operation ကမှ ထုတ်ပြန်သည်။
မေလ ၁၅ ရက်နေ့မှစ၍ မြင်းခြံခရိုင်စစ်ဌာနမှ ခရိုင်ကွပ်ကဲရေးမှုး၏ စီမံကွပ်ကဲမှုဖြင့် မြင်းခြံခရိုင် Commando ၊ မြင်းခြံခရိုင်တပ်ရင်း (၁၊၂၊၃၊၄၊၆၊၇၊၈၊၉၊၁၀) ၊မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့ ၊မြင်းခြံမြို့နယ် ပကဖ၊ နွားထိုးမြို့နယ်ပကဖ၊ တောင်သာမြို့နယ်ပကဖ၊ ငါန်းဇွန်မြို့နယ်ပကဖ၊ ကျောက်ဆည်ခရိုင် Commando၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း၊နေပြည်တော်အမှတ် ၈၀၁ တပ်ရင်း၊ တံတားဦးမြို့ နယ် ပကဖ၊ မိတ္ထီလာပကဖ ပူးပေါင်းတပ်ဖွဲ့များမှ 9/A Nyar Myae Operation အဖြစ် မြင်းခြံခရိုင်အ တွင်းရှိ စစ်ကောင်စီတပ်စခန်း ၁၂ ခုကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်တပ်စခန်းများမှာ မြင်းခြံမြို့နယ် ဆီးမီးခုံရဲစခန်း ၊ မြင်းခြံမြို့နယ် ကျောက်ပြုတ်ရွာ ပျူ စ ခန်း ၊ မြင်းခြံမြို့နယ် တောင်ရှေ့ဂိတ်အထိုင်စခန်း ၊ မြင်းခြံမြို့ ၁၈ ရပ်ကွက်နှင့်ခရိုင်ထွေအုပ်ရုံး၊ နွား ထိုးကြီးမြို့နယ် ဝက်လူးရဲစခန်း ၊ နွားထိုးကြီးမြို့နယ် Gas ပိုက်လိုင်းနှင့်မြို့မစခန်း ၊ နွားထိုးကြီးမြို့ နယ် ဇီရွာအနီးစစ်ကြောင်း ၊ တောင်သာမြို့နယ် ထနောင်းကုန်းပျူရွာစခန်း ၊ တောင်သာမြို့နယ် မြို့ ဝင်ဂိတ် ၊ တောင်သာမြို့နယ် Gas ပိုက်လိုင်း ၊ ငါန်းဇွန်မြို့နယ် မြို့ဝင်ဂိတ် ၊ ငါန်းဇွန်မြို့နယ် မြို့သာ ဘဏ် စောင့်ကင်းစခန်း တို့ဖြစ်ကြောင်း သိရသည်။
ယင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်သား၊ ပျူ၊ ရဲ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိကာ လက်နက်ငယ် ၂၇ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ထံမှ သိမ်းဆည်းရရှိခဲ့သောလက်နက်များမှာ MA 11 – ၂ လက် ၊ MA 13 – ၃ လက် ၊ G3 – ၂ လက် ၊ MA 3 – ၃ လက် ၊ ပါရီ – ၂ လက် ၊ ကာဘိုင် – ၁ လက် ၊ လက်လုပ်အတို – ၁ လက် ၊ ၉ လုံး – ၂ လက် ၊ M22 လက်လုပ် – ၁ လက် ၊ MA 1 – ၈ လက် ၊ MA 2 – ၂ လက် ၊ကျည်ဘောက် ၄၃ ခု ၊ G3 ကျည် – ၅၁၁ တောင့် ၊ 5.56 ကျည် – ၅၀၉၄ တောင့် ၊ 9 mm ကျည် – ၂၆၇ တောင့် ၊ 7.62 သုံးမျိုး ကျည် – ၂၉၇၈ တောင့် ၊ ကာဘိုင်ကျည် – ၁၄၈ တောင့် ၊ ရှေ့ထွက်မိုင်း – ၂ လုံး ၊ M9 ကျည် – ၄၉ လုံး ၊ 60 MM ၂၈ လုံး ၊ RPG အဖူး ၉ ဖူး ၊ RPG ပို့ကျည် ၆ တောင့် ၊ လက်ပစ်ဗုံး ၁၅ လုံး ၊ နင်းမိုင်း ၂၃ လုံး ၊ 8 channel jammer ၁ လုံး ၊ 6 channel jammer ၁ လုံး ၊ မိုင်းရှာစက်တစ်လုံး ၊ ဆိုင်ကယ် ၁၅ စီး ၊ ကျပ်ငွေ ၉၆ သိန်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူ Jet Fighter ၊ Y12 ၊ Mi 35 တို့ဖြင့် အဆမတန် ဗုံးကြဲလေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက် အထိ အခိုက်အကျဆုံးရှိခဲ့သည်ဟု ဆိုသည်။
Thanlwin Myanmar Media