ညောင်ဦးမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး
သံလွင်မြန်မာသတင်း
မေလ ၂၁
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦးမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း People’s Democratic Army -PDA တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ မေလ ၂၀ ရက်နေ့က ညောင်ဦးမြို့မှ ထွက်လာသော အင်အား ၉၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော်မှ တိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၈ ဦးထက် မနည်းသေဆုံးပြီး စစ်တပ်ဘက်မှ ဒရုန်းတစ်စင်း ချို့ယွင်းပျက်စီးခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စ်တပ် စစ်ကြောင်းသည် ညပိုင်းတွင် ဂျိုးကန်ကျေးရွာကို ၀င်ရောက်သွားပြီး ပြည် သူပိုင်နေအိမ်များကို ဖောက်ထွင်းကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် ဂျိုးကန်ကျေးရွာအပါအဝင် အနီးဘေး ပတ်လည် ကျေးရွာ နေ ပြည်သူ အနည်းဆုံး ၄၀၀၀ ဦး ခန့်စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
People’s Democratic Army -PDA တပ်ဖွဲ့မှ ရှေ့တန်းတိုက်ပွဲဝင်ရဲဘော်များ အတွက် “ဟန်ချက် ညီညီ…ပန်းတိုင်ဆီ”ဆိုသည့် သိန်း ၆၀၀ ကျည်ကာကမ်ပိန်းပြုလုပ်လျက်ရှိပြီး မိဘပြည်သူ များအနေ ဖြင့် ဝိုင်းဝန်းပါဝင်ကူညီ အားဖြည့်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media