Mandalay News

Mandalay News

ရမည်းသင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၁၈

 

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ၂ ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေး အင်အားစု ထံမှ သိရသည်။

 

မေလ ၁၀ ရက်နေ့ ရမည်းသင်းမြို့နယ် အမြန်လမ်း အနောက်ဘက်၊ လွှစဉ်တိုက်နယ်အုပ်စု ကျောက် အိုးလေးကျေးရွာ အရှေ့ဘက် ရဲစခန်းအနီးမှ ထွက်လာသော စစ်တပ် စစ်ကြောင်းနှင့် ကျောက်အိုး လေးကျေးရွာ အနောက်ဘက် တစ်မိုင်ခန့်အကွာတွင် တိုက်ဒေါင်းပြည်သူ့ကာကွယ်ရေး ရမည်းသင်း ခရိုင် ပကဖ ရုံးစခန်းကို မီးရှို့ဖျက်ဆီးလာသည့် စစ်တပ်စစ်ကြောင်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၆ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာ ရရှိကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“စစ်ကြောင်း သုံးကြောင်းအင်အား အများအပြားနဲ့ ထိုးလာတာပါ။ ကျနော်တို့ဘက်ကို နယ်​မြေရှင်း လင်းရေးပေါ့။ အဲဒီလိုလုပ်လာတဲ့ အချိန်မှာ ကျနော်တို့ စခန်းကို စစ်ကြောင်း ပေါက်လာတယ် ။အဲ ပေါက်လာတဲ့အချိန်မှာ စခန်းကိုဝင်ပြီး မီးရှို့သွားတယ်။ စခန်းကို မီးရှို့တဲ့အချိန်မှာ စခန်းမှာ တိုက်မိုင်း တွေ ထကွဲပြီး စခ ၃ ဦးသေသွားတယ်။ သေတာ ပထမဆုံး မိုင်းဆွဲတိုက်တဲ့နေရာမှာ ၃ ယောက်နဲ့ စခန်း မီးရှို့တဲ့အချိန်မှာ ၃ ယောက်ထပ်သေတာ” ဟု ဟု တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစု မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းများသည် မေလ ၁၁ ရက်နေ့ နှင့် မေလ ၁၂ ရက်နေ့တို့တွင် အသီးသီး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာ-ကျောက္ကာလမ်းပေါ်တွင် ၁ ပတ်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၄၀ ဦး ခန့်သေဆုံး၊ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ဦးခန့် ဒဏ်ရာရ

မုံရွာ-ကျောက္ကာလမ်းပေါ်တွင် ၁ ပတ်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၄၀ ဦး ခန့်သေဆုံး၊ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ဦးခန့် ဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၄ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ကျောက္ကာလမ်းမပေါ်တွင် ၁ ပတ်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၄၀ ဦးခန့် သေဆုံးကာ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ဦး ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ...