Mandalay News

Mandalay News

မြင်းခြံ-နွားထိုးကြီး ကားလမ်းပိုင်း လုံခြုံရေး စစ်ဆေးစဉ် ဆိုင်ကယ်ဖြင့် ရောက်လာသည့် စစ်သား ၂ ဦးကို လက်ပစ်ဗုံးတစ်လုံးနှင့်အတူ ဖမ်းမိ

 

D Day News

စက်တင်ဘာလ ၈

 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံ-နွားထိုးကြီးကားလမ်းပိုင်း၌ နယ်မြေလုံခြုံရေး စစ်ဆေးစဉ် ဆိုင် ဖြင့်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးကို လက်ပစ်ဗုံးတစ်လုံးနှင့်အတူ ဖမ်းမိခဲ့ ကြောင်း Myingyan Ranger တပ်ဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၆ ရက်နေ့က မြင်းခြံခရိုင် အထူးစစ်ဆင်ရေး MDSO ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မြင်းခြံ-နွားထိုးကြီးကားလမ်း ပိုင်းကို ယာယီပိတ်ကာ နယ်မြေလုံခြုံရေး စစ်ဆေးနေစဉ် မြင်းခြံမြို့ ပေါ်မှ လာသော ဆိုင်ကယ်တစ် စီးအား မသင်္ကာသဖြင့် တားဆီးစစ်ဆေးခဲ့ကြောင်း၊ထိုသို့ တားဆီး စစ်ဆေးသူနှစ်ဦးမှာ မြင်းခြံမြို့ ပေါ်တွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဖြစ်နေပြီး လက်ပစ်ဗုံး ၁ လုံး နှင့်အတူ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါလမ်းပိုင်းစစ်ဆေးမှုနှင့် စစ်ကောင်စီတပ်သား ၂ ဦးဖမ်းဆီးမှုကို Myingyan Ranger အဖွဲ့(ပြည် သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၃ )၊ မြင်းခြံခရိုင် အမှတ် ၁ တပ် ရင်း ၊ Freedom Fighter Guerrilla Force (FFGF) နှင့် ရဲခေါင်ပျောက်ကြား တပ်ဖွဲ့တို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ပါမိုးနဲ သုဿန်နှင့် ဩတချောင်း သုဿန်မြေများကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပေါင်းပြီး သိမ်းယူ

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ပါမိုးနဲ သုဿန်နှင့် ဩတချောင်း သုဿန်မြေများကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပေါင်းပြီး သိမ်းယူ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ပါမိုနဲ့ သုဿန်မြေနှင့် ဩတချောင်း သုဿန်မြေတို့ကို စစ်တပ်နှင့်ပေါင်းပြီး သိမ်းယူထားကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လအတွင်းက တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၃ အတွင်းရှိ ပါမိုနဲ သုဿန် နှင့်...