သပိတ်ကျင်းနှင့်စဉ့်ကူးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံးပြီး ၂၀ ဦးထိခိုက်ဒဏ်ရာရ
သံလွင်မြန်မာသတင်း
မေလ ၁၁
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ ဦးသေဆုံးပြီး ၂၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
မေလ ၁၀ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်က သပိတ်ကျင်းမြို့နယ် ၊ ဇရပ်ကွင်းကျေးရွာအတွင်းသို့ အ ကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ မေလ ၇ ရက် မွန်းတည့် ၁၂ နာရီ ၇ မိနစ်ကလည်း သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာ ကို အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ထို့အပြင် မေလ ၁၀ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက် ကျေး ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦး သေ ဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပြင်ဦးလွင်ခရိုင်အတွင်းရှိ မြို့နယ်များကို လေကြောင်းဖြင့် နေ့စဉ်ရက်ဆက်နီးပါး ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ပြည်သူများအနေဖြင့် စစ် ကောင်စီ တပ်သားများနှင့် ဝေးရာတွင် နေထိုင်ကြပါရန်နှင့် လေကြောင်းရန်ကာကွယ်နိုင်သည့် ပုန်းခို ကျင်းများတူးထားကြရန် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နှိုးဆော်ထားသည်။
Thanlwin Myanmar Media