မိုးကုတ်၊ စဉ့်ကူး၊ မတ္တရာတို့တွင် တနေတည်းဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း၊ နေအိမ်များ ထိခိုက်ပျက်စီး
သံလွင်မြန်မာသတင်း
မေလ ၅
မန္တလေးတိုင်း၊ မိုးကုတ်၊ စဉ့်ကူးနှင့်မတ္တရာမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က တနေ့ တည်း ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ဘုန်း ကြီးကျောင်းနှင့်နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
မေလ ၃ ရက် ည ၉ နာရီ ၅၆ မိနစ်က မိုးကုတ်မြို့အနောက်ပိုင်း၊ ဆင်ခွာကျေးရွာဘုန်းကြီးကျောင်းနှင့် အေးစေတီကျောင်းတို့ကို စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော SU 30 လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီး ကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ပြည်သူလူထု ထိခိုက်မှုမရှိကြောင်း သိရသည်။
အလားတူ မေလ ၃ ရက် နံနက် ၉ နာရီ ၁၀ မိနစ်ကလည်း မိုးကုတ်မြို့နယ် ကသဲအနောက်ကျောင်း အာ စစ်ကောင်စီတပ်က Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျပ်ပြင်တောင်ပေါ်ကုန်းရပ်ကွက်နေ ပြည်သူ ၁ ဦးသေဆုံးပြီး အမျိုးသား ၁ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် မေလ ၃ ရက် ည ၈ နာရီ ၂၀ မိနစ်က စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ၊ ပြည့်စိုအောင် ရပ်ကွက်အတွင်းရှိ မူအောင်မြေဘုန်းကြီးကျောင်း အရှေ့မြောက်ဘက်နေရာကို အကြမ်းဖက်စစ် ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ထိခိုက်မှုမရှိကြောင်း၊ ည ၁၀နာရီ ၄၈ မိနစ်အချိန်တွင်လည်း စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာတံတားအနီးသို့ လေကြောင်း တိုက် ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။
ထိုလေကြောင်းတိုက်ခိုက်မှု ၂ ခုအပြင် ည ၁၀ နာရီ ၅၈ မိနစ်အချိန်တွင်လည်း စဉ့်ကူးမြို့နယ်၊ ထုံး ကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ အမျိုး သား ၁ ဦး သေဆုံးကာ အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ပြည်သူပိုင်နေအိမ် ၅ လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
မေလ ၃ ရက် ညနေ ၃ နာရီ ၁၉ မိနစ်တွင် မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ရွာတန်းရှည်ကျေးရွာ စာသင်ကျောင်းအတွင်းသို့ စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော K8 W ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ ကြောင်း ၊ထိုပြင်နွား ၃ ကောင်လည်း ထိမှန်ဒဏ်ရာရရှိကာ ၁ ကောင်သေဆုံးပြီး စာသင်ကျောင်း ဆောင် လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“သေဆုံးတဲ့အမျိုးသမီးက ၂၅ နှစ်ဝန်းကျင်ရှိမယ်၊ ဒဏ်ရာရတဲ့သူက ၄ ဦး၊ မိန်းကလေးတစ်ဦးက အသက် ၃၀ ၊ နောက်ထပ်အမျိုးသမီးတစ်ဦးက ၅၀ ကျော်၊ နောက်တစ်ဦးက ၁၇ ၊ ၁၈ လောက် ရှိမယ်၊ နောက်ထပ်တစ်ဦးကတော့ အမျိုးသား ၅၀ ကျော်ပေါ့၊ ဒဏ်ရာရက ကျား ၁ ဦး၊ မ ၃ ဦးပေါ့၊ သေဆုံးတာက အမျိုးသမီးတစ်ဦးပေါ့၊ အဲဒီသေဆုံးအမျိုးသမီးနဲ့ ဒဏ်ရာရ အမျိုးသားနဲ့က သားအဖ တော်တယ်” ဟု ပြင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ဝေးရာတွင်နေထိုင်ကြရန်နှင့် လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက် ပုန်းခိုကျင်းများတူးထားကြရန် တိုက်တွန်း နှိုးဆော်ထား သည်။
Thanlwin Myanamar Media