Mandalay News

Mandalay News

ဆီမီးခုံမြို့တွင်း၌ စစ်ဗိုလ် ၁ ဦးနှင့် ပျူစောထီး ၂ ဦးပစ်ခတ်ခံရပြီးသေဆုံး၊ သေနတ် ၂ လက်သိမ်း ဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မေလ ၁

 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့တွင်း၌ စစ်ဗိုလ် ၁ ဦးနှင့် ပျူစောထီး ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ ရာ သေဆုံးသွားပြီး သေနတ် ၂ လက်သိန်းဆည်းရရှိခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၃၀ ရက် ည ၈ နာရီခန့်က ဆီမီးခုံမြိုအတွင်း၌ ကင်းပတ်လှည့်လည်နေသော အ ကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်ဗိုလ် ၁ ဦးနှင့် ပျူစောထီး ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ ၃ ဦးစလုံး သေဆုံးသွားပြီး G3 အမျိုအစားသေနတ် ၂ လက်နှင့် ကျည် ၁၈ တောင့်သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

“ဗိုလ်ရော ပျူ ၂ ဦးရောသေသွားတာ။ သေနတ် ၃ လက်၊ M3 တစ်လက်က ကောက်မရလို့၊ မြို့ထဲဆို တော့ကောက်မရတာ။ အပြန်အလှန်ပစ်ခတ်မှုကတော့ နည်းနည်းပါးပါးဖြစ်သေးတယ်။ ထပ် ကောက်ချိန်မရလို့ ပြန်ဆုတ်လာခဲ့လိုက်ရတာ၊ ကျနော်တို့ MBT တပ်ဖွဲ့အနေနဲ့ အခုလိုမျိုးမြို့တွင်း စစ်ဆင်ရေးတွေကို အရင်ကထက်ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်အောင်ကြိုးစားနေတယ်။ အဲဒါကြောင့် စစ်အုပ်စုရဲ့ အနီးအနားတွေမှာ ပြည်သူတွေသွားလာခြင်းမပြုလုပ်ဖို့တိုက်တွန်းချင်ပါ တယ်” ဟု Myingyan Black Tiger – MBT တပ် ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ရဲဘော်များက ပျောက်ကြား နည်း ဗျူဟာအား အသုံးပြု၍ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ထိစပ်ကျေးရွာများသို့ ဝင်ရောက်လာသော စစ်ကြောင်းကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး၊ PNO ပြည်သူ့စစ်တပ်မှူး ၁ ဦးအပါအဝင် ၆ ဦးထက်မနည်း သေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၉   ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်နှင့်...