Mandalay News

Mandalay News

နွားထိုးကြီးမြို့နယ်ရှိ ဂတ်စ်ပိုက်လိုင်းစောင့် စစ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်၊ စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၅

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ ဂတ်စ်ပိုက်လိုင်းစောင့် စစ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း နွားထိုးကြီးမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၄ ရက် ညနေ ၅ နာရီ ၃၀ မိနစ်က နွားထိုးကြီးမြို့နယ်၊ ထန်းဇင်ကျေးရွာအရှေ့ ဘက်ရှိ ဂတ်စ်ပိုက်လိုင်းစောင့်စစ်ကောင်စီတပ်သားများကို လက်လုပ် ၈၀ မမ လက်နက်ကြီးဖြင့် ၅ လုံး ၊ ပထိန်ဖြင့် ၁ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများနေထိုင်ရာ အဆောက်အအုံ ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များကို ကိုယ်တိုင် ထုတ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားသေဆုံးမှုကို အတည် ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

တမူးမြို့နယ်၊ ပန်းသာကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု ၂ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း မေလ ၂၀   စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ပန်းသာကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Zo Army...