Mandalay News

Mandalay News

မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီ၏ အပစ်အခတ်ရပ်စဲကြေညာထားမှုအပေါ် မယုံကြည်ပဲ ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာတူး ထားကြရန် ပြင်ဦးလွင်ခရိုင် ပကဖ တိုက်တွန်း

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၅

 

မင်းအာင်လှိုင်ဦး ဆောင်သော အကြမ်းဖက်စစ်ကောင်စီ၏ အပစ်အခတ်ရပ်စဲသည်ဟု ကြေညာချက် အပေါ် မယုံ ကြည်ပဲ ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာတူးထားကြရန် ပြင်ဦးလွင်ခရိုင် ပကဖမှ တာဝန်ရှိသူ တစ်ဦးက တိုက်တွန်းပြောကြားသည်။

 

ဧပြီလ ၂၂ ရက် နံနက် ၉ နာရီ ၃၀ မိနစ်က မတ္တရာမြို့နယ်၊ အုတ်စက်အတွင်း အထိုင်ချထားသော အ ကြမ်းဖက်စစ်တပ်က လက်နက်ကြီးမျာဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ မတ္တရာမြို့နယ်အနောက်ခြမ်းရှိ မြစ်တဖက်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ အသက် ၅၂ နှစ်အရွယ် အမျိုးသမီး ၁ ဦး မစိုး ရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“စကစကတော့ အပစ်အခတ်ရပ်စဲမယ်ဆိုပြီး အာချောင်ထားတာ ကြာလှပြီ။ တကယ်က ရက်တွေလ တွေထပ်တိုးနေပမယ့်လည်း တကယ်တမ်းအပစ်အခတ်ရပ်စဲဆိုတော့လည်း မရပ်စဲဘူး။ ကျနော်တို့ ပြင်ဦးလွင်ခရိုင်ထဲမှာဆိုရင် ပြည်သူတွေအများကြီးရှိနေတဲ့နေရာတွေမှာ လေကြောင်းကနေ ဗုံးကျဲ တယ်။ သူတို့ရည်ရွယ်ချက်ကတော့ ပြည်သူတွေအများကြီးသေစေချင်တယ်။ အဲဒါကြောင့် ပြည်သူ တွေ အနေနဲ့ကတော့ စကစ အပစ်အခတ်ရပ်စဲတယ်ဆိုပေမယ့်လည်း မယုံပဲနဲ့ ဗုံးခိုကျင်းတွေ ခိုင်ခိုင် မာမာတူးကြဖို့ပဲ နှိုးဆော်ချင်တယ်။” ဟု ပြင်ဦးလွင်ခရိုင်ပကဖမှတာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ပထအကြိမ် အပစ်ရပ်ကာလမှ ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့ အထိ ရက် ၂၀ ကြာ ကြာ မြင့်ခဲ့ပြီး ယင်းကာလတွင် စစ်တပ်က ပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်ခြင်း၊ စစ်ကြောင်း ထိုး သတ်ဖြတ်ခြင်း၊ လက် နက် ကြီးများ ပစ်ခတ်သတ်ဖြတ်ခြင်း အပါအဝင် စစ်တပ်၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ပထမအကြိမ် ယာယီ အပစ်ရပ်ကာလအတွင်း အနည်းဆုံး ပြည်သူ ၁၆၀ ဦးသေ ဆုံးကြောင်း ရန်ကုန်ခေတ်သစ်က ကောက်ယူထားသော စာရင်းဇယာများအရ သိရှိရသည်။

 

ထို့နောက် အကြမ်းဖက်စစ်ကောင်စီက ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ဧပြီ ၂၃ ရက်မှ ၃၀ ရက် နေ့အထိ ၇ ရက်တာ သက်တမ်းတိုးလိုက်ကြောင်း၊ အပစ်ရပ်ကာလ သက်တမ်းတိုးမှုနှင့် ငလျင် ဒဏ်သင့် ပြည်သူများကို ကူညီရေး အကြောင်းပြကာ စစ်တပ်ကို တိုက်ခိုက်လာပါက ပြန်လည်တုံ့ပြန် တိုက်ခိုက်မည်ဟု ဧပြီလ ၂၂ ရက် ညနေပိုင်း ကြေညာချက် ထုတ်ပြန်ကြေညာထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ သိန်းခွန်ရွာတိုက်ပွဲမှထွက်ပြေးသည့် ခလရ ၁၀၃ တပ်ရင်းမှူးနှင့် ရဲ တပ်သား ၁ ဦးကို အရှင်ဖမ်းမိ၊ တိုက်ပွဲအတွင်းမှ ထွက်ပြေးပြီး အလင်းဝင်လာသူအများအပြားရှိ   သံလွင်မြန်မာသတင်း မေလ ၂၀   တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာတိုက်ပွဲမှ ထွက်ပြေးသွားသည့် ခလရ ၁၀၃ မှ...