Mandalay News

Mandalay News

နွားထိုးကြီးနှင့်မြင်းခြံမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က ပေါင် ၅၀၀ ဗုံးများအသုံးပြု ကျဲချတိုက်ခိုက်မှု နေအိမ် ၃ လုံးထက်မနည်း ထိခိုက်ပျက်စီး

 

D Day News

စက်တင်ဘာလ ၈

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့်မြင်းခြံမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ် ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးများ အသုံးပြုပြီး ကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။

 

ယနေ့ စက်တင်ဘာလ ၈ ရက် နံနက် အစောပိုင်း ၁ နာရီ ၁၀ မိနစ် ခန့်က နွားထိုးကြီးမြို့နယ် ဆူးရစ် ကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးသီး အသုံးပြုပြီး ၃ နေရာကို ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ပြီး‌ ရွာသူ၊ ရွာ သားများ အသုံးပြုနေသည့် ရေကန်လည်း ပျက်စီးခဲ့ကြောင်း သိရ သည်။

“၃ နေရာကို ၃ လုံးကျဲသွားတာ။ ကျပေါက်ကွဲတဲ့ ဗုံးကျင်းကိုက လူတစ်ရပ်ကျော်တယ်။ အကျယ်က ၇ တောင်ပတ်လည်လောက်ရှိတယ်။ ကျေးရွာရေကန်မှာတစ်လုံးကျတယ်၊ အဲဒီကျေးရွာရေကန် ပျက်စီးသွားတယ်။ စက်သုံး၊ သောက်သုံးရေကန်၊ ကွန်ကရစ်ရေကန်ပဲ။ အဖွဲ့အစည်းတစ်ခုခုလှူဒါန်း ထားတဲ့ စက်ရေတွင်းကန်ပဲ၊ အုတ်ကန်ပျက်သွားတယ်၊ အဲဒီပတ်ဝန်းကျင်က နေအိမ်တွေလည်း ပျက်စီးတယ်။ ရွာလယ်ကောင်မှာလည်း တစ်လုံးကျဲချတယ်။ လူတော့ ထိခိုက်မှုမရှိဘူး။ အရင် တစ်ခါ ကျဲချသွားတဲ့ ဗုံးတစ်လုံးတောင် မကွဲသေးဘူး။ ရွာထဲမှာ ရှိသေးတယ်။ ဘယ်သူမှလည်း မတူးရဲသေး ဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

 

အလားတူ ယနေ့ နံနက် ၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မြင်းခြံမြို့နယ်၊ ပျားကျေးရွာအနီး ထန်းတော ထဲကို အကြမ်းဖက် စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၁ လုံးအသုံးပြုပြီး ကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ပိုင် ထန်းပင်များ ပြတ်ထွက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

“ဘာတိုက်ပွဲမှ မရှိဘူး။ အေးအေးချမ်းချမ်းနေနေကြတဲ့ရွာပါ။ တံတားဦးဘက်ကနေတက်လာတဲ့ လေ ယာဉ်နဲ့ ဗုံးကျဲချသွားတာ။ စစ်ကောင်စီတပ်သားမရှိလို့ အေးချမ်းနေကြတဲ့ရွာတွေကို မနာလိုစိတ်၊ အောက်တမ်းကျတဲ့စိတ် ဓာတ်နဲ့ တိုက်ခိုက်တာ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...