Mandalay News

Mandalay News

မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက်သိမ်းပိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၁

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ကျေးရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့ ထံမှ သိရသည်။

 

ဧပြီလ ၉ ရက် ည ၉ နာရီခန့်က မြင်းခြံမြို့နယ်၊ကျောက်ပြုတ်ရွာ၌ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထား သော စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် ကောင် စီ တပ်သား ၁ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကာ စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

“သေတာ ၁ ယောက် ၊ ဒဏ်ရာရပြီး ဆေးရုံတင်ထားရတာ ၇ ယောက်ရှိတယ်၊ စခန်းစွန့်ပြီး ထွက်ပြေး သွားတာပါ။ လက်နက်တွေ၊ ပစ္စည်းတွေ သိမ်းမိခဲ့တာမရှိဘူး။ စခန်းကိုတော့ မီးမရှို့ခဲ့ပါဘူး။ ညပိုင်း ဆိုတော့ မရှို့ပဲ ပြန်ဆုတ်လာခဲ့လိုက်တာပါ” ဟု ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက် ခဲက  ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့ ၊ Mandalay Regional Battalion ၊ MGN Danger Dynamites ၊ ဒေါင်းမင်းတမန် တပ်ဖွဲ့ ၊ ANYAR  FEDERAL  TASK FORCE ၊ FFGF Task FORCE နှင့် ပ.က.ဖ အဖွဲ့များ  ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ပဲခူးရိုးမ၊ ဆွာဆည်ရှင်းလင်းဆောင်၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ဗိုလ်ကြီး အဆင့်ရှိ သူအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဩဂုတ်လ ၂   ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာဆည်ရှင်းလင်းဆောင်၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရှင်းလင်းခဲ့ရာ...