Mandalay News

Mandalay News

ငါ့သရောက်မြို့နယ်၊ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ အောင်စိုး ပစ်ခတ်ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၇

 

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲတွင် အကြမ်းဖက်စစ်ကောင်စီ တပ်အတွက် အလုပ်လုပ်နေသူ အောင်စိုးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း ပုဂံဘီလူးအဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၇ ရက် နံနက် ပိုင်းက ငါ့သရောက်မြို့အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်း ကာ ပြည်သူများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော စစ်ကောင်စီလက်ပါးစေ ပြည်သူ့စစ်အဖွဲ့ဝင် အောင်စိုးကို ၎င်း၏ နေ အိမ်ဈေးဆိုင်းအတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

“သူကအကြမ်းဖက်နှိမ်းနင်းရေး အမည်ခံ ပြည်သူ့စစ်အဖွဲ့ဝင်ဆိုလည်းဟုတ်တယ်။ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူပါ” ဟု ပုဂံဘီလူးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ လုပ်ဆောင်မှုကို ပုဂံဘီလူးတပ်ဖွဲ့ဝင် ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ကခန့်ထားခြင်းခံရသည့် အုပ်ချုပ်ရေးမှူးများအနေဖြင့် အမြန်ဆုံးနှုတ်ထွက်ကြရန်နှင့် ပြည်သူ လူထုနှင့်ပူးပေါင်းပေးကြပါရန်၊ သို့ ပူးပေါင်းခြင်းမရှိသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများကို ပြင်း ပြင်ထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...