Mandalay News

Mandalay News

ဆီမီးခုံမြို့ဆေးရုံ၌ တပ်စွဲထားသော စစ်သားများကို လက်ပစ်ဗုံးဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၆

 

မန္တလေးဒေသကြီး ၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ ဆေးရုံအတွင်းတပ်စွဲထားသော အကြမ်း ဖက် စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၁ ရက် ၁၁ နာရီခန့်က မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ရှိ ဆေးရုံအတွင်း အထိုင်ချတပ်ဆွဲထား သော စစ် ကောင်စီ တပ်သားများကို တပ်သားများအား Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ရဲဘော် များက လက်ပစ်ဗုံးဖြင့် အနီးကပ်သွားရောက်ပစ်ခတ်ခဲ့ရာ စကစတပ်သား ၃ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိ မှုအချို့ရှိခဲ့ကြောင်း၊ MBT တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“သေဆုံးမှုကရှိနိုင်သေးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အလယ်တည့်တည့်ကျတာ၊ ဗိုလ်တစ် ယောက် ထိတယ်လို့တော့ ကြားထားတယ်။ အတွင်းထဲမှာဆိုတော့ သတင်းက ဆက်ပြီး စုံစမ်းမရလို့၊ အဲဒါကြောင့် မထုတ်ပြန်တော့တာ” ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ် မိုက်ခဲက ပြောကြားသည်။

 

မိဘပြည်သူများအနေဖြင့် ငလျင် ဒဏ်ခံစားနေရသည်ကို သိရှိနားလည်ကြောင်း၊ မြန်မာနိုင်ငံတွင် အဆိုးရွားဆုံးကာလကို ကျော်ဖြတ်နေရခြင်းဖြစ်ပြီး မိဘပြည်သူများအနေ ဖြင့် ဇွဲမလျော့ပဲ အား တင်းကာ ကြိုးစား၍ စစ်ကောင်စီကို အမြစ်နိုင်မှသာ ယခုကြုံတွေ့နေရသော ဒုက္ခမျိုးစုံမှ လွတ် မြောက်နိုင်မည်ဖြစ်သဖြင့် စစ်ကောင်စီတပ်သားများ အနီးသွားလာနေထိုင်ခြင်း မပြုလုပ်ကြပါရန် ဆက်လက်တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နေပြည်တော်မှ ပဲခူးရိုးမပေါ်သို့ တက်လာသောစစ်ကြောင်းကို ကြားဖြတ်ခိုက်မှု စစ်သား ၄၀ ကျော် သေဆုံး၊ ယင်းသေဆုံးစစ်သားအလောင်းများကို သယ်လာသည့် ကားနှင့် လာကြိုသည့် ကားတို့ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား၊ ရဲ ၁၉ ဦးထပ်မံသေဆုံး

နေပြည်တော်မှ ပဲခူးရိုးမပေါ်သို့ တက်လာသောစစ်ကြောင်းကို ကြားဖြတ်ခိုက်မှု စစ်သား ၄၀ ကျော် သေဆုံး၊ ယင်းသေဆုံးစစ်သားအလောင်းများကို သယ်လာသည့် ကားနှင့် လာကြိုသည့် ကားတို့ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား၊ ရဲ ၁၉ ဦးထပ်မံသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၅   မကွေးတိုင်းအရှေ့ခြမ်း ပဲခူးရိုးမပေါ်သို့ နေပြည်တော်မှ တက်လာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ကျော်သေဆုံးပြီး သေဆုံးစစ်သားအလောင်းများကို သယ်လာသည့် ကား နှင့် လာကြိုသည့်ကားတို့ကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၊ ရဲ ၁၉ ဦးသေဆုံးခဲ့ကြောင်း...