Mandalay News

Mandalay News

အပစ်အခတ်ရပ်စဲသည်ဟု ကြေညာထားသော စစ်တပ်က ပုဂံ-ညောင်ဦးတွင်စစ်ကြောင်းထိုးကာ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်စီးကာ ပြည်သူပိုင် ပစ္စည်း များ ခိုးယူနေမှုကြောင့် ပြည်သူသောင်းချီ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၄

 

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် အပစ်အခတ်ရပ်စဲသည်ဟု ကြေညာထားသော အကြမ်းဖက်စစ် တပ်က စစ်ကြောင်းထိုး၍ ပြည်သူ့ နေအိမ်များကို မီးရှို့ကာ ပြည်သူပိုင်ပစ္စည်းများ ခိုးယူနေမှုကြောင့် ပြည်သူသောင်းချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပုဂံညောင်ဦး ပကဖ Yan Gyi Aung PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၃ ရက် မွန်းလွဲပိုင်းက ညောင်ဦးမြို့နယ်၊ မီးလောင်ဖျားကျေးရွာကို အင်အား ၂၀၀ ခန့်ရှိသော စစ်တပ်စစ်ကြောင်းက ဝင်ရောက်မီးရှို့သွားရာ ပြည်သူ့နေအိမ် ၄ လုံးမီးလောင်ပြာကျခဲ့ ကြောင်း ၊ ဧပြီလ ၂ ရက်နေ့ကလည်း ညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန်ရွာကို ဝင်ရောက်ကာ တဲ အိမ် ၁ လုံးကို မီးရှို့ပြီး ပြည်သူပိုင်ဆိုင်ကယ် ၆ စီးကို ခိုးယူသွားကြောင်း သိရသည်။

“စစ်ကြောင်းက ဂန့်ဂါမှာ စုဖွဲ့မှု လုပ်တယ်။ မီးလောင်ဖျားရွာဘက်ကို သံပြားကာ ကားတွေနဲ့ တက်ပြီး မီးရှို့တာ၊ မီးလောင်ဖျားရွာမှာက လမ်းအရှေ့ဘက်ကအိမ်က စရှို့တာပါ။ ကျောက်ပြင်ြကန် ရွာဘက်ကိုလည်း မြေသန့်တောင်မှာ တပ်စွဲထားတဲ့ စခတွေက လက်နက်ကြီးတွေ ဆက်တိုက်ပစ်၊ ဒရုန်းတွေနဲ့ ဗုံးကျဲတယ်၊ ပြည်သူတွေ ထွက်ပြေးတော့ နောက်ကနေ သေနတ်တွေနဲ့ လိုက်ပစ်ပါ တယ်။ အခု ရွာတွေတော်တော်များများ ထွက်ပြေးနေကြရတာ၊ ပြည်သူသောင်းချီရှိနိုင်ပါတယ်၊ မြေ သန့်တေင်၊ မီးလောင်ဖျား ၊ ကျောက်ပြင်ကန်ဘက်က လူတွေ မနေရဲကြတော့ဘူး။ စစ်ကြောင်းက ‌ခြေရှုပ်နေတော့၊ ပြီး စစ်ကြောင်းက လုံးဝ ပြန်ဆုတ်သွားတာမဟုတ်ဘူး” ဟု ပုဂံညောင်ဦး ပကဖ Yan Gyi Aung PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထို့အပြင် ပုဂံညောင်ဦးတောင်ဘက် တတ်မ ရေနံမှော်ဘက်သို့ အင်အားဖြည့်ရန်အတွက် ချောက် မြို့ဘက် မှ စစ်ကောင်စီတပ်သား အင်အား၂၀၀ ခန့် လက်နက်အပြည့်အစုံဖြင့် တတ်မ ဘက်သို့ တက်လာနေကြောင်း၊ စဥ့်ကူလမ်းဘေးတွင်လည်း အစစ်အဆေးများ ပြုလုပ်နေကြောင်း သိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာ ပုဂံညောင်ဦး တောင်ဘက် မြေသန့်တောင်ရွာ နတ်ပ္ပလင်ရွာ ဂန့်ဂါရွာ ကြအိုရွာတို့တွင် တပ်စွဲထားပြီး နီးစပ်ရာ နေအိမ်များမှ ပြည်သူများကို ဓားစာ ခံ ဖမ်းခေါ်ထားကာ လက်ကိုင်ဖုန်းများကိုလည်း သိမ်းဆည်းထားကြောင်း သိရသည်။

 

“တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ မိုင်းဆွဲတာတော့ရှိတယ်။ မြေသန့်တောင် ၊ ကြဲအိုဘက်တွေမှာဆွဲတာ၊ မိုင်းဆွဲတိုက်ခိုက်တာမှာ ထိခိုက်မှုရှိတယ်လို့တော့ သိရတယ်။စစ်ကြောင်း ၂ ကြောင်းမှာ တစ်ကြောင်း အထွက်ပြပြီးမှ ကျန်တဲ့တစ်ကြောင်းက ထွက်တာ။ အခုလည်း တစ်ကြောင်းက ကျောက်ပြင်ကန် ဘက်ကို အထွက်ပြပြီး မြေသန့်တောင်၊ ကြဲအိုမှာ တပ်စွဲထားတဲ့ စခတွေ ပြန်ဆုတ်သွားတယ်။” ဟု ပုဂံညောင်ဦး ပကဖ Yan Gyi Aung PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

မြိုင်မြို့နယ်၊ ဗဟင်းရွာရှိ ထမင်းဆိုင်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု PDF တပ်ဖွဲ့ ဝင် ၄ ဦးနှင့် ဆိုင်ရှင်သားအမိ ၂ ဦး သေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၁   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရွာရှိ ထမင်းဆိုင်ကို အကြမ်းဖက်...