Mandalay News

Mandalay News

စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို စစ်တပ်က ထပ်မံဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ၆ ဦးခန့် ဒဏ်ရာရရှိ

 

သံလွင်မြန်မာသတင်း

မတ်လ ၁၇

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး ၆ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည် သူများထံက သိရသည်။

 

ယနေ့မတ်လ ၁၇ ရက် ညနေ ၆ နာရီ ၄၅ မိနစ်က စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာ၊ သင်ဇာ ဆန် စက် နောက်ဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ထပ်မံ ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးကာ ၆ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့ ညနေ ၆ နာရီ ၄၅ မိနစ်လောက် စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာ၊ သင်ဇာဆန်စက်နောက်ကို ဂျက်ဖိုက်တာ ၁ စီးနဲ့ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာ၊ ကနဦး ပြည်သူ ၃ ဦးသေဆုံးတာ အ တည်ပြုပြီးပြီ။ ၆ ဦးလောက်ဒဏ်ရာရရှိတယ်လို့တော့ သတင်းရထားတယ်” ဟု ဒေသနေပြည်သူ တစ်ဦးက ပြောကြားသည်။

 

မတ်လ ၁၄ ရက် ညနေပိုင်းကလည်း အကြမ်းဖက်စစ်အုပ်စုက အဆိုပါ လက်ပံ့လှကျေးရွာ၏ စျေးကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၄ လသား ကလေးသူငယ် ၁ ဦးအပါအဝင် ကလေးသူငယ် စုစု ပေါင်း ၆ ဦးနှင့် အရွယ်ရောက်ပြီးသူ အရပ်သားပြည်သူ ၂၁ ဦး စုစုပေါင်း ၂၇ ဦးသေဆုံးပြီး အများ အ ပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲရွာကို စစ်တပ်၊ PNO ပြည်သူ့စစ်တို့ပူးပေါင်းပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲကျေးရွာကို စစ်တပ်၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီး လျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ...