Mandalay News

Mandalay News

မြင်းခြံမြို့ပေါ်တွင် ဆိုင်ကယ် စီးလာသော လက်နက်ကိုင် ပျူများကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေ ဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၈

 

မန္တလေးတိုင်း၊ မြင်းခြံမြို့ ၊ အမှတ် ၁၈ ရပ်ကွက်တွင် ဆိုင်ကယ် စီးလာသော လက်နက်ကိုင် ပျူများ ကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း Freedom Fighter Guerrilla Force (FFGF) ထံမှ သိရ သည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မြင်းခြံမြို့ အမှတ် ၁၈ ရပ် ကွက်အတွင်း ဆိုင်ကယ်စီးလာသော လက်နက်ကိုင် ပျူ ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံး သေဆုံးသွားကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ မြို့တွင်းအထိဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်ဖြစ်သောကြောင့် တပ်ကူများအလျှင်အမြန်ရောက်ရှိလာသဖြင့် လက်နက် ကောက်ယူသိမ်းဆည်းနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Freedom Fighter Guerrilla Force (FFGF) နှင့် မဟာမိတ်တပ်ဖွဲ့တို့က ဝင် ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိဘပြည်သူများအနေဖြင့်လည်း စစ်ရေးအရှိန်မြင့်လာသည်နှင့် အမျှ အထူးဂရုပြု နေထိုင်ကြရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခကို ရှော့တိုက်ဒုံံးဖြင့် တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ဆီဂိုဒေါင်နှင့် အရံစက်ပစ္စည်းဂိုဒေါင်တို့ မီးလောင်ပျက်စီး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၁၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ရာ...