Mandalay News

Mandalay News

မတ္တရာမြို့ပေါ်မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၇

 

မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက် နံနက် ၆ နာရီ ၃၀ မိနစ်က အင်အား ၁၀၀ ခန့်ဖြင့် မတ္တရာမြို့ပေါ်မှ ထွက်လာသော တပ်မ ၆၆ မှ စစ်သားများ၊ ပြည်သူ့စစ်များ ပါဝင်သည့် အကြမ်းဖက်စစ်တပ်စစ် ကြောင်းသည် မတ္တရာမြို့နယ်၊ အနောက်မြောက်ခြမ်းရှိ မြွေထိန်ပင် စောက်ကျေးရွာသို့ လက်နက် ကြီးများဖြင့် စတင်ပစ်ခတ်ပြီးနောက် စစ်ကြောင်းထိုးဝင်ရောက်လသဖြင့် မတ္တရာမြို့နယ်ပကဖနှင့် တပ်ပေါင်းစုများမှ ခုခံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး ၎င်းတို့ ကိုင်ဆောင်အသုံးပြုသော လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကာ တိုက်ပွဲအတွင်း ဒဏ်ရာရရှိသည့် အကြမ်း ဖက်စစ်သား ၂၀ ဦးခန့်ကိုလည်း မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

အထိနာသွားသော အကြမ်းဖက်စစ်သားတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ် တိုက် ခိုက်ခဲ့ရာ တော်လှန်ရေး တပ်ဖွဲ့ဝင် များအထိအခိုက်မရှိသော်လည်း အပြစ်မဲ့ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်သားများသည် မတ္တရာမြို့နယ် အနောက်မြောက်ခြမ်းရှိ စကျင်ကျေးရွာကို လေ ကြောင်း၊ လက်နက်ကြီးအပြင် ဒရုန်းများဖြင့် အဆိပ်ဗုံးများကြဲချ တိုက်ခိုက်‌ခဲ့သဖြင့် ပြည်သူ ၁ ဦး စိုး ရိမ်ရ ဒဏ်ရာပါအဝင် စုစုပေါင်း ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခကို ရှော့တိုက်ဒုံံးဖြင့် တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ဆီဂိုဒေါင်နှင့် အရံစက်ပစ္စည်းဂိုဒေါင်တို့ မီးလောင်ပျက်စီး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၁၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ရာ...