Mandalay News

Mandalay News

မြင်းခြံမြို့နယ်၊ ဆင်းကွပ်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု တိုက်နယ်ပကဖအဖွဲ့ဝင်များအပါအဝင် ပြည်သူ ၁၅ ဦး ခန့် ထိခိုက်သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၆

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်းကွပ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွား ခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ တိုက်နယ်ပကဖအဖွဲ့ဝင်များအပါအဝင် ပြည်သူ ၁ ဦး ခန့် ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။

 

ယနေ့ ဇန်နဝါရီလ ၂၆ ရက် နံနက် ၈ နာရီခန့်က မြင်းခြံမြို့နယ်၊ တလုပ်မြို့အနီး၊ မြင်းခြံ – ဆီးမီးခုံ ကားလမ်း ပေါ်ရှိ ဆင်းကွပ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တိုက်လေယာဉ် တစ်စီးဖြင့် ဗုံးသီး ၂ လုံးကျဲချပြီးနောက် ရဟတ်ယာဉ် တစ်စီးဖြင့် လှည်ပတ်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တိုက်နယ်ပကဖအဖွဲ့ဝင်များအပါအဝင် ပြည်သူ ၁၅ ဦးခန့် ထိခိုက်သေဆုံးမှုမရှိခဲ့ ကြောင်း သိရသည်။

 

“ပထမ ဂျက်ဖိုက်တာနဲ့ ဗုံးကျဲပြီး နောက်တစ်ခါ ရဟတ်ယာဉ်နဲ့ ထပ်ပစ်တာ၊ သေတာက စုစုပေါင်း ၁၅ ယောက်လောက်ရှိတယ်၊ တိုက်နယ်ပကဖအဖွဲ့ဝင်တွေရယ်၊ လမ်းသွားလာပြည်သူတွေရယ် ၁၅ ယောက်လောက်ကျတာ၊ တိုက်ပွဲလည်းမရှိဘူး။ ရွာထဲမှာ ချသွားတာ။ နောက်ဆက်တွဲ အခြေနေ တော့ မသိရသေးဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Jail News

Jail News

မန္တလေးအိုးဘိုအကျဉ်းထောင်၌ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူ နိုင်ငံရေးအကျဉ်းသား ၄၉ ဦးအပါအဝင် သေဆုံး ၇၀ ဦးကျော်ရှိ   သံလွင်မြန်မာသတင်း ဇွန် ၇   မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူ နိုင်ငံရေးအကျဉ်းသား ၄၉ ဦးအပါအဝင်ထိခိုက်သေဆုံးသူ ၇၀ ဦးကျော်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း...