Mandalay News

Mandalay News

နွားထိုးကြီးမြို့နယ်၊ ကျွန်းဒေါင့်ကျေးရွာဘုန်းကြီးကျောင်းနှင့် ထနောင်းပင်ကျေးရွာကို စစ်တပ် ညဉ့် နက်သန်းခေါင်အချိန် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ် ၃ လုံးထက်မနည်း ပျက်စီး

 

D Day News

ဩဂုတ်လ ၃၁

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကျွန်းဒေါင့်ကျေးရွာဘုန်းကြီးကျောင်းနှင့် ထနောင်းပင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ညဉ့်နက်သန်းခေါင်အချိန် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနှင့်နေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း ဒေသ နေပြည်သူများထံက သိရသည်။

 

ယနေ့ ဩဂုတ်လ ၃၁ ရက် နံနက်အစောပိုင်း ၁ နာရီ ၂၀ မိနစ်အချိန်က နွားထိုးကြီးမြို့နယ်၊ ကျွန်း ဒေါင့် ကျေးရွာ တောင်ဘက်ခြမ်းရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက် တာဖြင့် လေ ကြောင်းမှ ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ဘုန်း ကြီးကျောင်းနှင့်နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

“ဗုံးကတော့ ၂ လုံးကျဲသွားတာ၊ ဘုန်းကြီးကျောင်းကို အဓိက ကျဲချသွားတာ။ ဘုန်းကြီးကျောင်း အုတ် တံတိုင်းက ပေ ၂၀ ၊ ၃၀ လောက်ပြိုကျတယ်၊ သစ်ပင်တွေလည်းကျိုးကျတယ်၊ ထန်းပင်တွေလည်း ကျည်စတွေမှန်တယ်၊ ကျောင်းဆောင် မျက်နှာကျက်၊ မှန်တွေ၊ ပြတင်းပေါက်တွေ၊ တံခါးမှန်တွေရော အကုန်ပြုတ်ထွက် ကွဲကုန်တယ်၊ ပြီးတော့ အိမ်သာတံခါးတွေရော အကုန်ပြုတ်ထွက်ကုန်တာ။ ညက မိုးရွာထားတော့ မြေကစိုနေတာရယ်၊ ဘုန်းကြီးကျောင်းဝိုင်းထဲမှာ ကျတာဆိုတော့ ဘေးက လူနေ အိမ်တစ်လုံးကတော့ မီးဖိုချောင်ပျက်စီးတယ်၊ လူထိခိုက်မှုတော့မရှိဘူး။ ကျောင်းဆောင်သေးသေး လေးထဲ မှာ ကိုရင်လေးတွေကြိမ်းတယ်၊ မနေ့ည မိုးက တအားရွာနေလို့ အဲဒီကျောင်းဆောင်ထဲကနေ ပြောင်းလိုက်တာ။ ပြောင်းလိုက်လို့ ကိုရင်လေးတွေဘာမှမဖြစ်တာ။ ဒီမှာ မချခင်ကလည်း ၂ လုံးချ သွား သေးတယ်၊ ဘယ်မှာချတယ်တော့ မသိဘူး။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

အလားတူ ယနေ့ ဩဂုတ်လ ၃၁ ရက် နံနက် ၁ နာရီ ၃၀ မိနစ်အချိန်တွင်လည်း နွားထိုးကြီးမြို့နယ်၊ ထနောင်းကုန်းရွာကို အ ကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး သေဆုံး ပြီး နေအိမ် ၂ လုံးထက်မနည်းပျက်စီးကာ နွား ၂ ကောင်လည်း သေဆုံးခဲ့ ကြောင်း၊ ထို့အပြင် နွားထိုးကြီး မြို့မရဲစခန်းမှလည်း နွားထိုးကြီးမြို့တောင်ဘက်သို့ ဩဂုတ်လ ၃၀ ရက် ညနေပိုင်းက လက်နက်ကြီး ၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...

Tanintharyi News

ဘုတ်ပြင်းမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သားများ ထိခိုက် သေဆုံးမှုရှိ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁   တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ ကြောင်း ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်းထံမှ သိရသည်...