Mandalay News

Mandalay News

TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံးသီး အလုံး ၃၀ ကျော် ကျဲချတိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၈

 

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -TNLA ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ မိုးကုတ် မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံးသီးအလုံး ၃၀ ကျော်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။

 

ယနေ့ ဇန်နဝါရီလ ၈ ရက် မွန်းလွဲ ၁ နာရီ ၁ နာရီခန့်က မိုးကုတ်မြို့အရှေ့ပိုင်းရှိ ဂေါက်ကွင်း ကျောက် လုပ်ကွက်နှင့် မစိုးရိမ်ကျောင်းတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံးသီး အ လုံး ၃၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေ သိရှိရခြင်းမရှိကြောင်း သိရသည်။

Photo – ၂၀၂၄ နိုဝင်ဘာ ၁၁ ရက်ညပိုင်းက မိုးကုတ်မြို့ကို စစ်ကောင်စီလေတပ် ဗုံးကြဲအပြီး ပျက်စီးသွားသည့် နေအိမ်များအား တွေ့ရစဉ်။

 

“မိုးကုတ် အရှေ့ပိုင်း ဂေါက်ကွင်း ကျောက်လုပ်ကွက် နဲ့ မစိုးရိမ် ကျောင်းကို Y 12 နဲ့ ဗုံးလာ ကျဲသွား တာ။ အထိအခိုက် အပျက်အဆီး သေသေချာချာ မသိရသေးပါဘူး ၊ အလုံး ၃၀ ကျော်တယ်။ အဓိက ပစ်မှတ်က ဂေါက်ကွင်း၊ ညောင်သုံးပင်ပါ။ ပလောင်တွေ အရှေ့ပိုင်းဂေါက်ကွင်းမှာ တွင်းလုပ်နေ တာ လို့ သတင်းရလို့ ထင်တာပဲ။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

မိုးကုတ်မြို့ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မ တော် – TNLA က သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင် စီတပ်က မိုးကုတ်မြို့ကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁၆ ဦး၊အမျိုးသမီး ၄ ဦးသေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ချက်အရ သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ စစ်တပ်ဘန်ကာအတွင်းမှ ထွက်လာသော စစ်သားများကို မိုင်းခွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၄   ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ စစ်တပ်ဘန်ကာအတွင်းမှ ထွက်လာသော စစ်သားများကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း...