Mandalay News

Mandalay News

တောင်သာမြို့နယ်၊ ရွှေစည်ကြီးကျေးရွာကို စစ်တပ်က အင်ဂျင်တပ်လေထီး ၃ စီးဖြင့် ဗုံးကျဲတိုက် ခိုက်မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးဒဏ်ရာရကာ နေအိမ် ၁ လုံးပျက်စီး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၅

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရွှေစည်ကြီး ကျေးရွာကို အကြမ်းဖက်စစ်တပ်က အင်ဂျင်တပ် လေထီး ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိ ကာ နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ်လူထုသပိတ်ကော်မတီထံက သိရသည်။

 

ယနေ့ ဇန်နဝါရီလ ၅ ရက် နံနက် ၄ နာရီ မိနစ် ၂၀ ခန့်က မိတ္ထီလာမြို့မှ တက်လာသော အင်ဂျင် တပ်လေထီး ၃ စီးဖြင့် တောင်သာမြို့နယ်၊ ရွှေစည်ကြီးကျေးရွာအတွင်းရှိ နေအိမ်များပေါ်သို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အသက် ၅၈ နှစ်အရွယ် မမြင့်သန်း သေဆုံးပြီး၊ အသက် ၁၂ နှစ်အရွယ် ကလေးငယ် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့ပြီး နွား ၂ ‌ေ-ကော-င် သေ ဆုံး ကာ ၂ ‌ေ-ကာ-င် ဒဏ်ရာရရှိခဲ့ကြောင်းခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က အင်ဂျင်တပ်လေထီးများအသုံးပြုတိုက်ခိုက်မှုသည် တတိယ အကြိမ် မြောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး  ၎င်းအင်ဂျင်တပ်လေထီး Paramotor သည် အသံအားဖြင့် ပြင်းထန် ကျယ်လောင်စွာကြားရသည့် ပစ္စည်းကိရိယာဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် ပြည်သူများအနေဖြင့်ကြိုတင်ရှောင်နိုင်သည့်အချိန်အကန့်အသတ်ရှိသည့်အတွက် အထူး ဂရု စိုက်နေထိုင်ကြပါရန် တောင်သာမြို့နယ်လူထုသပိတ်ကော်မတီက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
PDF News

PDF News

BPLA အပတ်စဉ် ၉ သင်တန်းဆင်းပွဲသို့ NUG ဝန်းကြီး ဒေါက်တာဇော်ဝေစိုး ၊ TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီထူး ၊ ABSDF ဒုဥက္ကဌနှင့် AA မှ တပ် မှူးတစ်ဦးတို့ တက်ရောက်   သံလွင်မြန်မာသတင်း...